နမ့်စန် စကစ တပ် ကို ရှမ်းတောင် SSS-G အဖွဲ့က ဝင်တိုက်၊စကစ ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၀ ဦး သေဆုံးဟုဆို



သျှမ်းပြည် တောင်ပိုင်း၊ နမ့်စမ်မြို့တွင် ယမန်နေ့ (သြဂုတ်လ ၁၅ ရက်​)၌ စစ်​ကောင်စီ တပ်တွင်းတံခါးပိတ် အစည်းအဝေးပြုလုပ်နေစဉ် ရှမ်းတောင် SSS-G အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင်(၁၀)ဦးထက်မနည်း သေဆုံးကြောင်း SSS-G ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါအစည်းအဝေးသို့ နေပြည်တော်မှ ဗိုလ်ကြီးအဆင့် ရှိသူ ၁ ဦး လာရောက်ပြီး အဆိုပါ ဗိုလ်ကြီးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးကြောင်းသိရသည်။

ထိုအစည်းအဝေးကို SSS-G က တိတ်တဆိတ် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က စစ်ကူများခေါ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ SSS-G အဖွဲ့မှ ၁ ဦး ကျည်ဆံထိမှန်ခဲ့ပြီး မစိုးရိမ်ရကြောင်း SSS-G က သတင်းထုတ်ပြန်တွင် ရေးသားထားသည်။ 

နမ့်စန်မြို့တွင် စစ်ကောင်စီမှ ခ.လ.ရ ၂၄၇ တပ်ရင်းဖြင့် အခြေစိုက်လှုပ်ရှားသည့်နေရာဖြစ်သည်။

SSS-Gက  ဝင်ရောက် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုထားခြင်း မရှိခဲ့ပေ။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

နမ့်စန် စကစ တပ် ကို ရှမ်းတောင် SSS-G အဖွဲ့က ဝင်တိုက်၊စကစ ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၀ ဦး သေဆုံးဟုဆို နမ့်စန် စကစ တပ် ကို ရှမ်းတောင် SSS-G အဖွဲ့က ဝင်တိုက်၊စကစ ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၀ ဦး သေဆုံးဟုဆို Reviewed by THITHTOOLWIN on 00:32 Rating: 5

No comments:

Powered by Blogger.