သူနာပြုတက္ကသိုလ် ကျောင်းသူတစ်ဦး ကင်းမရွာမှာ ဖမ်းဆီးခံထားရ

သူနာပြုတက္ကသိုလ် ကျောင်းသူတစ်ဦး ကင်းမရွာမှာ ဖမ်းဆီးခံထားရ သူနာပြုတက္ကသိုလ် (ရန်ကုန်) က တတိယနှစ်ကျောင်းသူ မသဉ္ဇာထွန်း ကို တွေ့ရစဉ်/ ဓာတ်ပုံ - သူနာပြုတက္ကသိုလ် (ရန်ကုန်) ကျောင်းသားသမဂ္ဂ

သူနာပြုတက္ကသိုလ် (ရန်ကုန်) က တတိယနှစ်ကျောင်းသူ မသဉ္ဇာထွန်း ဟာ ဩဂုတ်လ ၂ ရက် မနေ့ ညနေပိုင်း က မကွေးတိုင်း ပေါက်မြို့နယ် ကင်းမရွာကနေ ကံမရွာကိုသွားတဲ့လမ်းမှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ် လို့ သူနာပြုတက္ကသိုလ် (ရန်ကုန်) ကျောင်းသားသမဂ္ဂအဖွဲ့က ဒီနေ့ကြေညာချက် ထုတ်ပြန်ပါတယ်။

ပေါက်မြို့နယ် ကင်းမရွာဇာတိဖြစ်တဲ့ မသဉ္ဇာထွန်း ဟာ ဩဂုတ်လ ၂ ရက် ညနေ ၃ နာရီအချိန်က ကင်းမရွာ ကနေ ကံမရွာကိုသွားတဲ့လမ်းမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိသေးဘူးလို့ သူနာပြုတက္ကသိုလ် (ရန်ကုန်) ကျောင်းသားသမဂ္ဂရဲ့ ဖော်ပြချက်မှာ ပါရှိပါတယ်။ 

မသဉ္ဇာထွန်းကို စစ်ကောင်စီဘက်က ဖမ်းဆီးသွားတာ သေချာတယ်လို့လည်း သူ့မိသားစုနဲ့ အဆက်အသွယ်ရှိ တဲ့ သူနာပြုတက္ကသိုလ် (ရန်ကုန်) ကျောင်းသားသမဂ္ဂက အမည်မဖော်လိုသူတစ်ယောက်က RFA ကို အတည် ပြုပြောပါတယ်။ 

မိသားစုနဲ့အတူ သူနာပြုတက္ကသိုလ် (ရန်ကုန်) ကျောင်းသားသမဂ္ဂက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ မသဉ္ဇာထွန်းနဲ့အတူ ဘယ်သူတွေ ဖမ်းဆီးခံထားရတယ်၊ ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာ ကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကင်းမရွာဟာ ပြီးခဲ့တဲ့ဇွန်လ ၁၅ ရက်နေ့က ရွာလုံးကျွတ်မီးရှို့ခံရပြီး ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/nurse-arrested-in-kinma-village-08032021083803.html

သူနာပြုတက္ကသိုလ် ကျောင်းသူတစ်ဦး ကင်းမရွာမှာ ဖမ်းဆီးခံထားရ  သူနာပြုတက္ကသိုလ် ကျောင်းသူတစ်ဦး ကင်းမရွာမှာ ဖမ်းဆီးခံထားရ Reviewed by THITHTOOLWIN on 00:54 Rating: 5

No comments:

Powered by Blogger.