၂၄နာရီအတွင်း ကိုဗစ်ဓါတ်ခွဲအတည်ပြု ၄၇၁၃ဦး၊သေဆုံး၃၁၂ဦး



Share/Bookmark
ကိုဗစ်တတိယလှိုင်းကာလ ရန်ကုန်မြို့ရေဝေးသုသာန်မြင်ကွင်း (ဓာတ်ပုံ - AFP)

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းဟာ ၂ လကျော်လာတဲ့အထိ အရှိန်လျော့မသွားသေးဘဲ ရောဂါပိုး ကူးစက်သူတွေနဲ့သေဆုံးသူ အရေအတွက်ဟာ တိုးများနေဆဲဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄နာရီအတွင်း ဓါတ်ခွဲနမူနာပေါင်း ၁၄,၂၅၇ ဦးကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူ၄,၇၁၃ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၃၁၂ ဦး ရှိခဲ့ကြောင်းလည်း ထည့်သွင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ကို စံနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနိုင်ခြင်းမရှိတာအပြင် သေဆုံးသူ စာရင်းကိုလည်း တိကျစွာ ပြုစုနိုင်ခြင်း မရှိတာတွေကြောင့် ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်ဟာ ကျန်းမာရေးဌာနက နေ့စဉ် ထုတ်ပြန်နေတဲ့ စာရင်းထက် ပိုများနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။

ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားသူတွေထဲ နိုင်ငံရေးခေါင်းဆောင်တွေ၊ ထင်ရှားတဲ့ အနုပညာရှင်တွေနဲ့ စာရေးဆရာ၊ ကဗျာဆရာတွေလည်း အများအပြား ပါဝင်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကမှာ ထင်ရှားတဲ့ ဝါရင့် ဟာသသရုပ်ဆောင်တဦးဖြစ်သူ ဦးစံမတူဟာ ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့မှာဘဲ ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၉၀ ရှိပြီဖြစ်တဲ့ ဦးစံမတူဟာ အငြိမ့်သဘင်လောကမှာ လူရွှင်တော်တဦးအဖြစ်ပါ နာမည်ကြီးသူတဦး ဖြစ်ပါတယ်။

မကွေးတိုင်း၊ မင်းလှမြို့နယ်မှာတော့ ကာကွယ်ရေးနဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) ၃ ခုက ၂၁ ယောက်အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၄ ယောက် မနေ့ သြဂုတ်လ ၂ ရက်နေံ တွေ့ရှိခဲ့တယ်လို့ ဒေသတွင်း ပရဟိတလုပ်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

နိုင်ငံအတွင်း ကိုဗစ်-၁၉တတိယလှိုင်း ဖြစ်ပေါ်နေတာကြောင့် စစ်ကောင်စီက သြဂုတ်လ ၈ ရက်နေ့အထိအများပြည်သူ ရုံးပိတ်ရက်အထိ တိုးမြင့် သတ်မှတ်ထားသလို စာသင်ကျောင်းတွေကိုလည်း သြဂုတ်လ ၈ ရက်နေ့အထိပိတ်ထားပါတယ်။ ဒါ့အပြင် ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးက မြို့နယ်ပေါင်း ၁၀၀ ကျော်မှာလည်း Stay at home - မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/Yangon-Myanmar-covid-19-updated-/5988999.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ