တောင်သာမှာ အုပ်ချုပ်ရေးမှူး နှစ်ယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

တောင်သာမှာ အုပ်ချုပ်ရေးမှူး နှစ်ယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံး မန္တလေးတိုင်း၊ တောင်သာမြို့ မြေပုံ / Photo: Google Map

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲက ညောင်ကန်ရွာနဲ့ မီးပေါက်ရွာတွေက စစ်ကောင်စီခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ယောက်တို့ဟာ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၁၈ ရက် နေ့လယ်ပိုင်းက တောင်သာမြို့နယ် ညောင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်း သေနတ်နဲ့ ပစ်သတ်ခံရပြီး၊ မနေ့က သြဂုတ်လ ၁၇ ရက်နေ့မှာ မီးပေါက်ရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်လည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့က စစ်ကောင်စီရဲ့ လက်ပါးစေတွေ ဖြစ်တာကြောင့် အခုလို ရှင်းလင်းသုတ်သင်ရတာဖြစ်ပြီး MGM TIGER အဖွဲ့နဲ့ နှလုံးလှ လူမိုက်ကြီးများအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ နှလုံးလှလူမိုက်ကြီးများ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့ဖြစ်စဉ်မှာ မီးပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်နဲ့အတူ သူ့ရဲ့ သားဖြစ်သူ ဟာလည်း သေနတ်နဲ့ပစ်ခံရပြီး တစ်ပါတည်း သေဆုံးခဲ့ပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သူဌေးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိန်ကိုလည်း နှလုံးလှလူမိုက်ကြီးများအဖွဲ့ကပဲ သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့ကလည်း တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းဌေး ဟာလည်း နေအိမ်မှာရှိနေစဉ် သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့ရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/two-man-got-gun-shot-in-taungtha-township-08182021071223.html

တောင်သာမှာ အုပ်ချုပ်ရေးမှူး နှစ်ယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံး  တောင်သာမှာ အုပ်ချုပ်ရေးမှူး နှစ်ယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 18:35 Rating: 5

No comments:

Powered by Blogger.