မိုးကောင်းတွင် လူငယ် ၂၀ ဦးခန့်ကို စစ်ကောင်စီမှ ဖမ်းဆီးသွား


August 17, 2021/ Kachin News Group

မိုးကောင်းမြို့အထွက် ဖားကန့်လမ်း အုပ်ကျင်းကျေးရွာတွင် အာဏာသိမ်းစစ်တပ်အဖွဲ့က လူငယ် ၂၀ ဦးခန့်ကို သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

သြဂုတ်လ ၁၇ရက် ယနေ့ ညနေပိုင်း ၅ နာရီခွဲဝန်းကျင်ခန့်တွင် အုပ်ကျင်းကျေးရွာအဝင် လယ်တောတွင် စစ်သား ၃၀ ခန့်က လူငယ်တစ်ဖွဲ့ကို သေနတ်များဖြင့် ခြိမ်းခြောက်ပြောဆိုနေသည်ကိုမြင်တွေ့ခဲ့ရသည်ဟု မျက်မြင်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

"ကားလမ်းကနေဖြတ်သွားတယ်။ လမ်းဘေးမှာ လူတွေအများကြီး တွေ့လိုက်ရတယ်။ သေချာကြည့်တော့ အားလုံးက လူငယ်လေးတွေဘဲ။ သူတို့တွေကို သေနတ်တွေနဲ့ချိန်ပြီး ခေါင်ပေါ်လက်တင်ခိုင်းတယ်။ ပြီးရင် ဝပ့်ခိုင်းထားတယ်။ ဘယ်က လူငယ်တွေမှန်းတော့မသိဘူး။ အုပ်ကျင်းကျေးရွာကတော့ မဟုတ်ဘူးထင်တယ်"ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်၏ ခြိမ်းခြောက်ခံရကာ ဖမ်းဆီးသွားသည့် လူငယ်များမှာ မည်သူများဖြစ်ကြောင်းကို လက်ရှိချိန်ထိ သေချာမသိရဘူးဟု သူက ဆက်ဆိုသည်။

အဆိုပါ လူငယ်အဖွဲ့ကို မိုးကောင်းတပ် ခလရ ၇၄ တပ်ရင်း နေရာဟောင်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဖမ်းဆီးသွားသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။


Kachin News Group 

https://www.facebook.com/theKachinNews

မိုးကောင်းတွင် လူငယ် ၂၀ ဦးခန့်ကို စစ်ကောင်စီမှ ဖမ်းဆီးသွား မိုးကောင်းတွင် လူငယ် ၂၀ ဦးခန့်ကို စစ်ကောင်စီမှ ဖမ်းဆီးသွား Reviewed by THITHTOOLWIN on 18:00 Rating: 5

No comments:

Powered by Blogger.