ကျောက်ဆည်မှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရ

ကျောက်ဆည်မှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရ ကျောက်ဆည်မြို့ ဗလီကွင်းကျေးရွာကို Google Map ကနေတွေ့ရစဉ် / Photo: Google Map

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ဗလီကွင်းကျေးရွာက ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီကို သတင်းပေး နေတယ်လို့ စွပ်စွဲခံထားရသူ ဦးမျိုးခိုင်ကို သြဂုတ်လ ၃ ရက် ဒီနေ့မနက်က သေမင်းတမန်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ အဲဒီအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ဒီနေ့မနက် ၁၁ နာရီလောက်က ဗလီကွင်းကျေးရွာနဲ့ ထုံးဘိုရွာအကြားမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာကြောင့် ဦးမျိုးခိုင်ရဲ့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာရရှိသွားတယ်လို့ အဲဒီအဖွဲ့ဝင်ဆိုပါတယ်။

“အဲဒီ ပျူစောထီးက တကယ်လည်း သောင်းကျန်းနေတယ်။ တစ်ခုခုဖြစ်ရင် စစ်တပ်ကိုခေါ်တယ်။ စစ်တပ်ကိုခေါ်တော့ အကုန်လုံးပြေးရတယ်။ ကြောက်နေရတဲ့လူတွေလည်း အများကြီးပဲ၊ အဲဒါကြောင့် အခုလိုရှင်းလင်းရတာ”

ဗလီကွင်းကျေးရွာရဲ့ ပျုစောထီးအဖွဲ့ဝင်တွေဟာ လက်နက်တွေကိုင်ဆောင်ထားပြီး တိုက်ခိုက်ရေးသင်တန်း တွေ ဆင်းလာတာကြောင့် ပြည်သူအတွက်အန္တရာယ်ရှိသလို၊ သူတို့ရဲ့ သတင်းပေးတိုင်ကြားမှုတွေကြောင့် လည်း ကျေးရွာသားတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဗလီကွင်းကျေးရွာရဲ့ ပျူစောထီးအဖွဲ့ခေါင်းဆောင်လို့ သတ်မှတ်ခံထားရတဲ့ ဦးစိန်မြင့်ကိုလည်း ဇူလိုင် လ ၂၀ ရက်နေ့က သေမင်းမှတ်တမ်းအဖွဲ့ဝင်တွေက ဓါးနဲ့ထိုးခဲ့ရာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/pyusawhtee-gunshot-in-baliqueen-village-08032021050547.html

ကျောက်ဆည်မှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရ  ကျောက်ဆည်မှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရ Reviewed by THITHTOOLWIN on 01:05 Rating: 5

No comments:

Powered by Blogger.