စစ်ကောင်စီက ရုံးပိတ်ရက် တစ်ပတ်ထပ်တိုး

စစ်ကောင်စီက ရုံးပိတ်ရက် တစ်ပတ်ထပ်တိုး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် အာဏာသိမ်းစစ်ကောင်စီက သြဂုတ်လ ၂၂ ရက်နေ့ အထိ အများပြည်သူရုံးပိတ်ရက်အဖြစ် တိုးမြင့်သတ်မှတ်လိုက်ကာ အခြေခံပညာကျောင်းတွေ၊ အစိုးရရုံးတွေနဲ့ ဘဏ်တွေကိုလည်း ပိတ်ထားမှာ ဖြစ်တယ်လို့ ကြေညာပါတယ်။

ကိုဗစ် တတိယလှိုင်းဒဏ် စတင်ပျံ့နှံ့ပြီး နေ့စဥ် ပိုးကူးစက်ခံရသူတွေ၊ သေဆုံးသူဦးရေ များလာပြီးတဲ့နောက်ပိုင်း အများပြည်သူ ရုံးပိတ်ရက်အဖြစ် စစ်ကောင်စီက လေးကြိမ် သတ်မှတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့ကတည်းကစပြီး ရုံးပိတ်ရက်ရှည် သတ်မှတ်ခဲ့တာကြောင့် အပတ်စဥ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း ရုံးထုတ် စစ်ဆေးလေ့ရှိတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦး၀င်းမြင့်တို့ရဲ့ အမှုရုံးချိန်းတွေလည်း ဆက်တိုက် ရွှေ့ဆိုင်းခဲ့ရပါတယ်။

ရှေ့နေအဖွဲ့အနေနဲ့လည်း လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ခွင့်မရသေးတာကြောင့် သူတို့ရဲ့ ကျန်းမာရေးအခြေအနေအပေါ် စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-58072010

စစ်ကောင်စီက ရုံးပိတ်ရက် တစ်ပတ်ထပ်တိုး စစ်ကောင်စီက ရုံးပိတ်ရက် တစ်ပတ်ထပ်တိုး Reviewed by THITHTOOLWIN on 02:46 Rating: 5

No comments:

Powered by Blogger.