ရဲအချင်းချင်း သေနတ်နဲ့ ပစ်လို့ ရဲတပ်ကြပ်တဦးသေဆုံး


ပန်းတောင်း၊ သြဂုတ်၁၃၊ ၂၀၂၁။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ ညပိုင်းမှာ ရဲအချင်းချင်း သေနတ်နဲ့ ပစ်ခဲ့လို့ ရဲတပ်ကြပ်တဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်ခတ်ခဲ့သူနဲ့ သေဆုံးသွားသူ ရဲနှစ်ဦးဟာ ပန်းတောင်းမြို့ကို တာဝန်ကျတာ မကြာသေးသူတွေဖြစ်ပြီး သေဆုံးသူ ရဲတပ်ကြပ်က နေပြည်တော်ကဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့သူက ပေါင်းတည်မြို့က ရဲတပ်သား ဖြစ်တယ်လို့ ပြောပါတယ်။

"နှစ်ယောက်လုံးက တခြားမြို့က ရောက်လာတာသိပ်မကြာသေးဘူး အသစ်တွေပါ ရဲတပ်သားက ရဲတပ်ကြပ်ကို ပစ်တာပါ" လို့ ပြောပါတယ်။

ဖြစ်စဥ်ဖြစ်တဲ့ ညမှာ နှစ်ဦးစလုံးက အရက်မူးနေကြပြီး မျက်နှာကို သေနတ်နဲ့ တေ့ပစ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan

https://www.facebook.com/myaelattathan

ရဲအချင်းချင်း သေနတ်နဲ့ ပစ်လို့ ရဲတပ်ကြပ်တဦးသေဆုံး ရဲအချင်းချင်း သေနတ်နဲ့ ပစ်လို့ ရဲတပ်ကြပ်တဦးသေဆုံး Reviewed by THITHTOOLWIN on 06:08 Rating: 5

No comments:

Powered by Blogger.