ဒေါ်လာစျေးတွေ အခုရက်ပိုင်းပြန်တက်

 ဒေါ်လာစျေးတွေ အခုရက်ပိုင်းပြန်တက်

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာကျပ်ငွေနဲ့အမေရိကန်လဲလှယ်တဲ့နှုန်းဟာ တဖြည်းဖြည်းတက်လာခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့မှာတော့ ပြင်ပဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၇၀၀ ဝန်း ကျင်ထိရောက်ရှိနေတယ်လို့ ရန်ကုန်က စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဗဟိုဘဏ် ကတော့ ဒီကနေ့ ရောင်းစျေး တစ်ဒေါ်လာကို ၁၆၅၀ကျပ် နဲ့ ထုန်ပြန်ခဲ့ပြီး စျေးကွက်ထဲကို ဒေါ်လာ ၂.၅ သန်းရောင်းပေးခဲ့တယ်ဆိုပြီး ထုတ်ပြန်တာကို တွေ့ရပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလအထိ မြန်မာကျပ်ငွေလဲနှုန်းဟာ အမေရိကန်တစ်ဒေါ်လာကို ၁၃၃၀ ဝန်းကျင်သာ ရှိခဲ့တာဖြစ်ပါတယ်။

အခုလို ဒီရက်ပိုင်းမှာ ဈေးတက်လာတာနဲ့ ပတ်သက်လို့ စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးကတော့ ပို့ကုန်နည်းပြီး ကိုဗစ်နဲ့ကြောင့် ဆေးနဲ့ဆေးပစ္စည်းတွေ အသွင်းများနေလို့ဖြစ်တယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ လယ်လောက်ကစလို့ မြန်မာနိုင်ငံကနေ ပြည်ပကိုတင်ပို့တဲ့ ပို့ကုန်လုပ်ငန်းတွေဟာ ကျဆင်းလာတဲ့အတွက် အမေရိကန်ဒေါ်လာ ဝင်ရောက်မှုဟာလည်း နည်းခဲ့ပြီး သွင်းကုန်လုပ်ငန်းရှင်တွေအတွက် လိုအပ်ချက်များခဲ့တာ ဖြစ်ပါတယ်။

ဗဟိုဘဏ်ကတော့ ဖေဖော်ဝါရီလကစလို့ တက်လာတဲ့ ငွေလဲနှုန်းကိုတည်ငြိမ်စေဖို့အတွက် အမေရိကန်ဒေါ်လာတွေကို ဈေးပြိုင်စနစ်နဲ့ဘဏ်တွေကို ရောင်းချပေးခဲ့ပါတယ်။

ဗဟိုဘဏ်က ထုတ်ပြန်တဲ့စာရင်းတွေအရ ဖေဖော်ဝါရီလမှာ ၆ ဒသာမ ၈ သန်း၊ ဧပြီလမှာဆိုရင် ၁၂ သန်း၊မေလမှာ ၂၄ သန်း ဇွန်လမှာ ၁၂ သန်း၊ ဇူလိုင်လမှာ ၃၉ သန်း နဲ့ သြဂုတ်လ ၉ ရက်နေ့မှာဆိုရင် ၂ သန်းခွဲရောင်းချခဲ့ပြီး ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၉၆ သန်းကျော် ရောင်းချပေးခဲ့ပါတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံကနေ ပြည်ပကိုတင်ပို့တဲ့ ပို့ကုန်လုပ်ငန်းတွေဟာ မတ်လဆန်းကစလို့ကျဆင်းခဲ့ပြီး ကုန်သွယ်မူလိုငွေပြမူဟာလည်း ကြီးမားလာခဲ့ပါတယ်။

အခုလို့ ပို့ကုန်လုပ်ငန်းတွေ မကောင်းတဲ့အချိန် မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်တဲ့နှုန်း တက်လာတာဟာ တိုင်းပြည်အတွက်တော့ ကောင်းကျိုးထက် ဆိုးက‌ျိုးပိုများတယ်လို့ပညာရှင်တွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-58072010

ဒေါ်လာစျေးတွေ အခုရက်ပိုင်းပြန်တက်  ဒေါ်လာစျေးတွေ အခုရက်ပိုင်းပြန်တက် Reviewed by THITHTOOLWIN on 02:45 Rating: 5

No comments:

Powered by Blogger.