ကျောက်မဲ ညဘက် ပစ္စည်းလုယက်မှုများ မကြာခဏဖြစ်နေ


သျှမ်းသံတော်ဆင့် ၊ သြဂုတ် ၆ 

ဇူလိုင်လက စပြီး ကျောက်မဲမြို့ပေါ်တွင် ပစ္စည်းလုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ 

“ညပိုင်း လူပြတ်တဲ့နေရာတွေမှာ စကစတွေလား၊ ရဲတွေလားဆိုတာတော့ သေခြာမသိဘူး၊ သူ့တို့ပုံစံတွေလိုလုပ်ပြီး သွားလာတဲ့လူတွေကို ဟန့်တားပြီး အနုကြမ်းစီး ပစ္စည်းလုတာတွေ ရှိတယ်” ဟု ကျောက်မဲမြို့မှ ဒေသခံက ပြောသည်။ 

ဇူလိုင်လမှ စတင်ပြီး ယခုချိန်ထိ အဆိုပါ လုပ်ရပ်မျိုး (၃)ကြိမ်ထက်မနည်း ဖြစ်ခဲ့ကြောင်း၊ သွားလာမှုနည်းသည့် သစ်တောလမ်းတွင် အများဆုံးဖြစ်ပြီး ရွှေ၊ ငွေနှင့် လက်ကိုင်ဖုန်းတို့ကို လုယူသွားတာဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် တချို့ရပ်ကွက်ထဲရှိ နေအိမ်များတွင် ညဖက် ဝင်ရောက်ရှာဖွေမှုများလည်း ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

“ပြီးခဲ့တဲ့ (၃)ရက်လောက်ကတော့ တိလင်ရပ်ကွက်က နေအိမ်တစ်ခုကို ဝင်ရောက်ရှာဖွေတယ်၊ အဲ့အိမ်က မူးယစ်ဆေးဝါးနဲ့ သုံးစွဲနေတဲ့သူတွေကို ဖမ်းမိသွားတယ်၊ ဘယ်လိုသတင်းတွေရထားလို့ ဝင်ရှာတာလဲ ဆိုတာတော့ သေခြာမသိဘူး” ဟု အဆိုပါ ဒေသခံက ပြောသည်။ 

ကျောက်မဲမြို့တွင် စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက ည (၈)နာရီမှ မနက် (၄)နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ၎င်းအချိန်အတွင်း အပြင်ထွက်သွားလာနေသူများကို စစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ကျောက်မဲ ညဘက် ပစ္စည်းလုယက်မှုများ မကြာခဏဖြစ်နေ ကျောက်မဲ ညဘက် ပစ္စည်းလုယက်မှုများ မကြာခဏဖြစ်နေ Reviewed by THITHTOOLWIN on 23:26 Rating: 5

No comments:

Powered by Blogger.