ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေစိုးရိမ်ရ


(၆ ဩဂုတ် ၂၀၂၁)

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်  ကျန်းမာရေးအခြေအနေဆိုးဝါးလာလို့ အိုးဘိုအကျဉ်းထောင်ဆေးရုံကနေ အပြင်တနေရာကို ခေါ်ဆောင်သွားကြောင်း ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။ 

ကင်ဆာဝေဒနာခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာဆေး ပုံမှန်သွင်းခွင့်မရသလို ထောင်တွင်း ကိုဗစ်ကူးစက်ခံနေရတယ်လို့လည်း အိုးဘိုထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။

နေပြည်တော်အကျဉ်းဦးစီးဌာနက အရာရှိတဦးကတော့ ဒေါက်တာဇော်မြင့်မောင်နဲ့ပတ်သက်လို့ အိုးဘိုထောင်တာဝန်ရှိသူတွေဆီက ထူးခြားတဲ့သတင်းအစီရင်ခံစာမရသေးဘူးလို့ပြောပါတယ်။ 

ဒေါက်တာဇော်မြင့်မောင်ကို အကျဉ်းဦးစီးဌာနအနေနဲ့ ထိမ်းသိမ်းပေးထားရတဲ့အဆင့်သာရှိပြီး နေပြည်တော်စကစ နဲ့ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ကပဲ တိုက်ရိုက်စီမံကိုင်တွယ်နေတာလို့ပြောပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေစိုးရိမ်ရ ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေစိုးရိမ်ရ Reviewed by THITHTOOLWIN on 23:28 Rating: 5

No comments:

Powered by Blogger.