သျှမ်းတောင် PDF စခန်း ကို Drone ဖြင့်ထောက်လှမ်းသည့် စစ်ကောင်စီ တပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး


သျှမ်းပြည် တောင်ပိုင်းရှိ PDF စခန်းတစ်ခုကို ယနေ့ (သြဂုတ် ၆) ရက် တွင်  Drone ဖြင့် ထောက်လှမ်းသော စစ်ကောင်စီ တပ်သားကို  PDF  တပ်ဖွဲ့ဝင်များက လိုက်လံ ပစ်ခတ်ခဲ့ပြီး၊ စစ်ကောင်စီ တပ်သားသေဆုံးသွားကြောင်းသိရသည်။

အဆိုပါသေဆုံးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ ခမရ ၅၁၆ တပ်သားတစ်ဦးဖြစ်ကြောင်း ၊ သေနတ်ထိမှန်ခဲ့ကာ သွေးထွက်လွန် သေဆုံးသွားကြောင်း  PDF (Southern Shan State Generations) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

" စခ ပါ တပ်ကပြေးလားတယ် ပြောပါတယ်။ Drone လွင့်ပီး ရှောင်ကွင်းနေရာရှာတာပါလို့ အသက် မထွက်ခင်ပြောသွားတယ် ပြေးရင် ပစ်ပြီးဖမ်းရမှာက ကျနော် တာဝန်၊ ကျနော်တို့လုံခြုံရေးက အရေးကြီးတယ်။ ဆေးတော့ကုပေးတယ်၊ သွေးထွက်လွန်ပြီး သေသွားတယ်၊ အသက်က ၅၄ နှစ်လို့ သိရပါတယ်၊ လက်မောင်း မှာ ၅၁၆လို့ ရေးထားတယ် " ဟု Southern Shan State Generations  လူမှု ကွန်ရက်စာမျက်နှာတွင်ရေးသးထားသည်။

အဆိုပါ သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား၏ လွယ်အိတ်ထဲတွင် GPS စက်များပါ တွေ့ရှိခဲ့ကာ Drone ကိုဖျက်စီးလိုက်ကြောင်း သျှမ်းပြည်တောင်ပိုင်းရှိ PDF (Southern Shan State Generations) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

သျှမ်းတောင် PDF စခန်း ကို Drone ဖြင့်ထောက်လှမ်းသည့် စစ်ကောင်စီ တပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး သျှမ်းတောင်  PDF စခန်း ကို  Drone ဖြင့်ထောက်လှမ်းသည့် စစ်ကောင်စီ တပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 23:24 Rating: 5

No comments:

Powered by Blogger.