ထိုင်း ဆာမွတ်ဆာခွန်းမှာ မြန်မာအပါရွေ့ပြောင်းလုပ်သားလေးသိန်း ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်

photo- ဆာမွတ်ဆာခွန်းပြည်နယ်က မြန်မာရွေပြောင်းအလုပ်သမားများ ( ထိုင်းအလုပ်သမားဝန်ကြီးဌာန)

ထိုင်းနိုင်ငံက ကိုဗစ်ကူးစက်မူ့အမြင့်မားဆုံးပြည်နယ်တခုလည်းဖြစ်၊ မြန်မာရွေပြောင်းအလုပ်သမားသိန်းချီအလုပ်လုပ်နေတဲ့ ပြည်နယ်လဲဖြစ်တဲ့ ဆာမွတ်ဆာခွန်းပြည်နယ်ထဲက မြန်မာရွေပြောင်းအလုပ်သမားတွေအပါအဝင် လူပေါင်း ၄ သိန်းလောက်ကို ကာကွယ်ဆေးထိုးပေးမယ်လို့ ပြည်နယ် လူမှုဖူလုံရေး အရာရှိကပြောပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ ဆာမွတ်ဆာခွန်းပြည်နယ်ထဲမှာ တရားဝင် လူမှုဖူလုံရေးအာမခံငွေ ပေးသွင်းထားတဲ့ ထိုင်းနဲ့ နိုင်ငံခြားသားရွေပြောင်းအလုပ်သမား တွေ ၄သိန်းလောက်ဟာ ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရမယ်လို့ ပြည်နယ် လူမူ့ဖူလုံရေးရုံးက ရုံးအုပ် ဖောစဝမ်း စဲယာကျိုင်က ပြောပါတယ်။

အဲဒီလို ကာကွယ်ဆေး ထိုးပေးမယ့် အခြေအနေကိုတော့ ဆာမွတ်ဆာခွန်းပြည်နယ်ထဲမှ ာအခြေစိုက်ထားတဲ့ ရွေပြောင်းအလုပ်သမားအခွင့်ရေး ကွန်ယက်ဥက္ကဌ ဦးအောင်ကျော်က အခုလိုရှင်းပြပါတယ်။

"၄သိန်းဆိုတဲ့အထဲမှာ တော့ သူ့နိုင်ငံသားလည်းပါနေတယ်။ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေအပြင် သူ့နိုင်ငံသားတွေလည်းပါနေတယ်။ ထိုးခွင့်ရတဲ့ ပုဂ္ဂိုလ်တွေပေါ့နော်။ သူတို့ယာယီအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရတော့ ၁၈နှစ်အောက်ကိုတော့မထိုးသေးဘူးလေ။ ၁၈ နှစ် အထက် ထိုးခွင့်ရှိသူတွေကို စီစစ်လိုက်တဲ့အခါမှာ အဲဒီလောက်အရေအတွက်ရှိလို့ ထိုင်းလူမျိုးကော၊ နိုင်ငံခြားသားအလုပ်သမားကော ပျမ်းမျှ အဲဒီလောက်ထိုးရမယ်လို့ပြောတာပါ။ ဥပဒေပုဒ်မ ၃၃ အရ လူမူ့ဖူလုံရေးရံပုံငွေ ထည့်ဝင်ထားသူ မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံသားမဆို တန်းတူအခွင့်အရေး ခံစားရမှာဖြစ်လို့ အကုန်ထိုးရမှာပါ။"

ဆာမွတ်ဆာခွန်းပြည်နယ်ထဲမှာတော့ လူမူဖူလုံရေးအာမခံလုပ်ထားတဲ့ သူတွေထဲက လူဦးရေ ၂၇,၀၀၀ေ လာက်ကိုတော့ ဇူလိုင်လ ၂၂ ရက်နေ့ကနေ သြဂုတ်လ ၆ရက်နေ့အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့တယ်လို့လည်း ပြည်နယ်လူမူ့ဖူလုံရေး အရာရှိကဆိုပါတယ်။ ကာကွယ်ဆေးထိုးဖို့အတွက် စာရင်းပေးသွင်းထားသူတွေကိုသာ ဦးစားပေးထိုးပေးနေတာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးဖို့အတွက် အစောပိုင်းတုန်းကတော့ အလုပ်သမားအတော်များများ ကြောက်ရွံမူတွေရှိနေတယ်လို့လည်း ဦးအောင်ကျော်က ဆိုပါတယ်။

"အစပိုင်းမှာတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရင် ရှော့တွေဖစ်တယ်၊ အသက်အန္တရာယ်အရ သေဆုံးတာတွေရှိတယ်ဆိုပြီး မထိုးဘူးဆိုပြီး လုပ်နေကြတယ်။ နောက်ပိုင်းမှာတော့ မထိုးရင် ငါတို့အတွက် မလုံခြုံဘူး ထိုးမှဖြစ်မယ်ဆိုတာ သိလာတော့ သူအလှည့်မရောက်သေးလို့တောင်မှ ပူဆာတဲ့သူတွေများလာကြတယ်။"

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၈သိန်းကျော်ထိရှိလာပြီး သြဂုတ်လ ၁၁ ရက်နေ့ တနေ့တည်း ကူးစက်သူက ၂၁,၀၀၀ ကျော်ရှိနေပါတယ်။ ဒီထဲမှာ မြန်မာရွှေပြောင်းအလုပ်သမားတွေလည်း အများအပြား ကူးစက်ခံနေရပါတယ်။ လက်ရှိအထိ သေဆုံးသူ စုစုပေါင်းကတော့ ၆,၈၀၀ နီးပါးရှိသွာပြီဖြစ်သလို ကိုဗစ်ကူးစက်မူ့ကြောင့် သေဆုံးသူက နေ့စဉ် လူ ၁၀၀ ကျော်ရှိနေပါတယ်။


အေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/myanmar-migrant-workers-in-thailand-will-got-covid-vaccine-/5998571.html

ထိုင်း ဆာမွတ်ဆာခွန်းမှာ မြန်မာအပါရွေ့ပြောင်းလုပ်သားလေးသိန်း ကိုဗစ်ကာကွယ်ဆေးထိုးပေးမည် ထိုင်း ဆာမွတ်ဆာခွန်းမှာ မြန်မာအပါရွေ့ပြောင်းလုပ်သားလေးသိန်း ကိုဗစ်ကာကွယ်ဆေးထိုးပေးမည် Reviewed by THITHTOOLWIN on 02:17 Rating: 5

No comments:

Powered by Blogger.