မူဆယ် နယ်စပ်နန်းတော်ဂိတ်ပေါက်ကို တရုတ်ဘက်က ပြန်ပိတ်

မူဆယ် နယ်စပ်နန်းတော်ဂိတ်ပေါက်ကို တရုတ်ဘက်က ပြန်ပိတ် တရုတ် - မြန်မာ နယ်စပ်ဂိတ်တစ်နေရာ။ Photo: Citizen Journalist

ကိုရိုနာကပ်ရောဂါ တတိယလှိုင်းကာလအတွင်း မြန်မာနိုင်ငံဘက် ပြန်မယ့်သူတွေအတွက် ဖွင့်ထားပေးတဲ့ မူဆယ်နယ်စပ် နန်းတော်ဂိတ်ပေါက်ကို တရုတ်က ဒီကနေ့ ပြန်ပိတ်လိုက်တဲ့အတွက် ပြန်လာမယ့်သူတွေ အခက်အခဲဖြစ်နေပါတယ်။

ဂိတ်ကို ယာယီပြန်ပိတ်မယ့်အကြောင်း သြဂုတ်လ ၁၀ ရက်နေ့မှာ တရုတ်အာဏာပိုင်တွေက အကြောင်းကြားခဲ့ပြီး ဒီနေ့ ပိတ်ထားလိုက်တာလို့ မြန်မာဘက် ပြန်လာသူတွေကို အကူအညီပေးနေတဲ့ မူဆယ်မြို့ လူသားချင်းစာနာမှုကူညီရေးအဖွဲ့ တာဝန်ရှိသူ ကိုဌေးက RFA ကို ပြောပါတယ်။

နယ်စပ်ဂိတ်ပေါက်မှာ ပြန်လာဖို့ စောင့်ဆိုင်းနေသူ၊ တရုတ်ဘက်က သတ်မှတ်နေရာ (ကွာရန်တင်း စင်တာ) တွေမှာ နေထိုင်နေရသူ မြန်မာနိုင်ငံသား သောင်းနဲ့ချီ ရှိနေတယ်လို့ ဆိုပါတယ်။ တရုတ်ဘက်က အခုလို ပိတ်လိုက်တာကြောင့် နေရပ်ပြန်ချင်သူတွေဟာ တရားမဝင် နယ်စပ်ထွက်ပေါက်တွေကတစ်ဆင့် ပစ္စည်းတွေ သယ်လို့မရဘဲ နေရပ်ပြန်ပို့ခံရမှာ စိုးရိမ်နေကြတယ်လို့ ကိုဌေးက ပြောပါတယ်။

ကပ်ဘေးကာလအတွင်း တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်ပေါက်တွေကို ပိတ်ထားတာ နှစ်နဲ့ချီ ကြာမြင့်နေပြီဖြစ်ပြီး မူဆယ်မြို့ ရပ်မိရပ်ဖတွေ၊ ပရဟိတအသင်းအဖွဲ့တွေရဲ့ တင်ပြချက်အရ နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတွေ အစည်းအဝေးမှာ တောင်းဆိုခဲ့တာကြောင့် ဇူလိုင်လ ၂၆ ရက်နေ့မှာ နေရပ်ပြန်ချင်တဲ့ မြန်မာနိုင်ငံသားတွေအတွက် နန်းတော်ဂိတ်ပေါက်ကို ပြန်ဖွင့်ပေးခဲ့တာပါ။

နန်းတော်ဂိတ်ကို မနက် ၈ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ဖွင့်ပေးခဲ့ပြီး နယ်စပ်ဖြတ်ကျော် အထောက်အထား၊ ကိုရိုနာရောဂါပိုး ရှိ၊ မရှိ စစ်ဆေးထားတဲ့ စာရွက်စာတမ်းတွေ ပြနိုင်သူတွေကို သူတို့ပိုင်ပစ္စည်းတွေကို သယ်ယူခွင့်ပြုပြီး တရုတ်ဘက်က နေရပ်ပြန်ခွင့်ပေးခဲ့တာပါ။

ဇူလိုင်လ ၂၆ ရက်နေ့ကစပြီး နေရပ်ပြန်လာတဲ့ မြန်မာနိုင်ငံသား လေးထောင်ကျော်ရှိတယ်လို့ မူဆယ်မြို့ လူသားချင်းစာနာထောက်ထားမှု ကူညီရေးအဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/china-muse-border-gate-08112021100548.html

မူဆယ် နယ်စပ်နန်းတော်ဂိတ်ပေါက်ကို တရုတ်ဘက်က ပြန်ပိတ်  မူဆယ် နယ်စပ်နန်းတော်ဂိတ်ပေါက်ကို တရုတ်ဘက်က ပြန်ပိတ် Reviewed by THITHTOOLWIN on 02:14 Rating: 5

No comments:

Powered by Blogger.