ကသာမြို့နယ်မှာ ကသာ PDFနဲ့ KIA တို့ပူးပေါင်းပြီး စကစတပ်နဲ့ တိုက်ရာ ၄ရက်အတွင်းစကစတပ် ၂၀၀ သေဆုံး


စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် KIA တပ်မဟာ (၈)၊ တပ်ရင်း (၅) ၏ ဦးဆောင်မှုဖြင့် မိမိတို့အခြေချရာ ယာယီစခန်းအားထိုးစစ်ဆင်လာသော လူသတ်အကြမ်းဖက်စစ် ကောင်စီတပ်များဖြစ်သည့် အာလောဘန်ပြန်တပ်မ (၈၈)၊ ကသာတပ်ရင်း (၃၀၄) နှင့် (၃၀၉) တို့အား မြို့လှကျေးရွာအနီးတွင် အောက်ပါအတိုင်း ခုခံကာကွယ်နိုင်ခဲ့ပါသည် -

၁။ (၅/၇/၂၀၂၁) ရက်နေ့ ည (၉) နာရီခန့်တွင် မိမိတို့ထောင်ထားသောမိုင်း (၂) လုံးမိသဖြင့် စကစ အဖွဲ့ဝင် (၁၀) ဦးထက်မနည်းသေဆုံးခဲ့သည်။

၂။ (၆/၇/၂၀၂၁) ရက်နေ့ နံနက် (၈) နာရီခန့်တွင် ကောက်ကွေ့ချောင်းအတိုင်းနယ်ချဲ့လာသော စကစ (၁၀၀) ပါစက်လှေ (၃) စီးအား RPG ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့ရာ (၂) စီး နစ်မြုပ်ပျက်စီးကာ စကစ (၆၀) ဦးထက်မနည်းသေပြီး (၁) စီးမှာထွက်ပြေးသွားခဲ့သည်။ 

၃။ (၇/၇/၂၀၂၁) ရက်နေ့ ည (၁၀) နာရီခန့်တွင် ဗျူဟာမှူးဦးဆောင်၍ မိမိတို့နယ်မြေအတွင်း ကျွံဝင်လာရာ အသင့်ကာကွယ်ထားသည့်မိုင်း (၄) လုံးမိ၍ ဗျူဟာမှူးအပါအဝင် (၃၀) ထက် မနည်းသေခဲ့သည်။

၄။ (၉/၇/၂၀၂၁) ရက်နေ့တွင် မြို့လှကျေးရွာသို့ စကစလေယာဉ် (၄) စီးနှင့် လေကြောင်းပစ်ကူ ခြေလျင်ထိုးစစ်တို့ဖြင့်ဝင်ရောက်လာသဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စကစ (၅၀) ထက်မနည်း သေဆုံးကာ (၇၀) ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ မိမိတို့ဘက်မှ (၃) ဦးကျဆုံးကာ (၃) ဦး ဆက်သွယ်မရသေးပါ။

၅။ (၉/၇/၂၀၂၁) ရက်နေ့ ညနေပိုင်းတွင် ကသာ (၃၀၉) တပ်ရင်းမှ မြို့လှသို့စစ်ကူလာသော Double Cub (၁) စီးနှင့် (၆) ဘီးကား (၁) စီးတို့အား ပေါမမြိုင်ကျေးရွာနှင့် ကသာကားကြီးကွင်းကြားတွင် မိမိတို့ KPDF နှင့် KIA ပူးပေါင်းတပ်မှ ပဒေသာမိုင်းအတွဲဖြင့် တိုက်ခိုက်ခဲ့ရာ စကစ (၃၀) ထက်မနည်းသေဆုံးခဲ့သည်။ 

လူသတ်အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ လေယာဉ်ဖြင့် ဗုံး (၁) လုံးကျဲခဲ့သော်လည်း မိမိတို့ဖက်မှ အထိအခိုက်အကျအဆုံးမရှိခဲ့ပါ။

ယခုရက်ပိုင်းအတွင်း မိုးတားကြီးအုပ်စု၊ မိုးတားလေးအုပ်စု၊ အုပ်ချေ၊ မြို့လှ၊ မှတ်တိုင်၊ နမ့်စန်း၊ ဆူးပုတ်ကုန်းရွာအနီးတဝိုက်တွင် စကစတပ်များသည် ယင်းတို့၏အလောင်းများအား ကျင်းတူးမြုပ်နှံလျက်ရှိပြီး ဒဏ်ရာရနှင့် မသေမရှင်များကို ရေကြောင်းမှသယ်ယူလျက်ရှိသည်။

မိမိတို့ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF သည် ကသာမြို့နယ်အတွင်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူများ၊ မတရားသတ်ဖြတ်ခြင်းခံထားရသူများအတွက် လူသတ် အကြမ်းဖက်စစ်ကောင်စီမပြုတ်ကျမချင်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာ အပ်ပါသည်။

ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ Facebook စာမျက်နှာသည် နည်းပညာအခက် အခဲကြောင့် အသုံးပြု၍မရသေးပါသဖြင့် ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်စပ်ဆိုင် သော ပြည်သူများသိသင့်သိထိုက်သည့်သတင်းအချက်အလက်များကို စစ်ကိုင်းတိုင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ SPDF စာမျက်နှာမှသာ ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း အသိပေးပါသည်။

Katha People Defense Force - KPDF


Zalen 

https://www.facebook.com/zalen.info/

ကသာမြို့နယ်မှာ ကသာ PDFနဲ့ KIA တို့ပူးပေါင်းပြီး စကစတပ်နဲ့ တိုက်ရာ ၄ရက်အတွင်းစကစတပ် ၂၀၀ သေဆုံး ကသာမြို့နယ်မှာ ကသာ PDFနဲ့ KIA တို့ပူးပေါင်းပြီး စကစတပ်နဲ့ တိုက်ရာ ၄ရက်အတွင်းစကစတပ် ၂၀၀ သေဆုံး Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.