လှည်းကူးမှာ တစ်အိမ်တက်ဆင်း မီတာလိုက်ကောက်၊ မဆောင်ရင်မီးဖြတ်မယ်လို့ ဆို


ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်မှာ မနေ့က (ဇူလိုင်၉ရက်) က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာများက နေအိမ်တွေကို မီတာဆောင်ဖို့နဲ့အရင်လတွေက မဆောင်ရသေးတဲ့မီတာကြွေးကျန်ကို တစ်အိမ်တက်ဆင်း လိုက်လံကောက်ခံနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဒေသခံတွေက ပြောပါတယ်။

"မနေ့က အိမ်အထိလာကောက်တာ၊ ဝါးလုံးပါပါတယ်(မီးဖြတ်ဖို့) ။ မဆောင်တဲ့အိမ် မီးဖြတ်မယ်ဆိုပြီး တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ကောက်တာ၊ သူပြောတာက ၁လပိုင်း၂ လပိုင်းအတွက်ရယ်။ ဒဏ်ငွေလေးထောင်ရယ်ပေးရမယ်တဲ့၊ အဲ့ဒါနဲ့ တစ်ခါတည်းပေးလိုက်ရတယ်" လို့ ကိုယ်တိုင်တွေ့ကြုံရတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

မီတာခကောက်ခံမှုမလာသေးတဲ့နေရာအချို့ကိုမေးမြန်းတဲ့အခါတော့ လာကောက်ခံရင်လည်း မဆောင်ဖို့တွေးထားတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ " လာတော့မလာသေးဘူး။ ဖြတ်တော့လည်းဖြတ်ပေါ့၊ တခြားနည်းစဉ်းစားရမှာပေါ့ ၊ ဆောင်ဖို့ကိုလုံးဝမတွေးထားဘူး "လို့ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်ကစလို့ ရန်ကုန်အပါအဝင် နိုင်ငံတဝန်းက ဒေသတချို့မှာ နေအိမ်တွေထံ အိမ်တိုင်ရာရောက် လိုက်လံပြီးမီတာခတွေပေးဆောင်ကြဖို့ဆော်သြတာ၊ မီတာခကြွေးကျန်တွေကို တစ်အိမ်တက်ဆင်း လိုက်လံကောက်ခံတာ၊ မပေးဆောင်တဲ့အိမ်တွေကို မီးဖြတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

လှည်းကူးမှာ တစ်အိမ်တက်ဆင်း မီတာလိုက်ကောက်၊ မဆောင်ရင်မီးဖြတ်မယ်လို့ ဆို  လှည်းကူးမှာ တစ်အိမ်တက်ဆင်း မီတာလိုက်ကောက်၊ မဆောင်ရင်မီးဖြတ်မယ်လို့ ဆို Reviewed by THITHTOOLWIN on 20:01 Rating: 5

No comments:

Powered by Blogger.