ကျောက်မဲမြို့နယ် စစ်ရှောင် (၁၀၀၀) နီးပါးထိရှိလာ ဆေးဝါးကုသမှုများ အရေးကြီး လိုအပ်နေ

 

ဓာတ်ပုံ - နမ်ခုံးပရဟိတ ရှမ်းများ အသင်း

သျှမ်းသံတော်ဆင့်၊ ဇူလိုင် ၁၀

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းများထံသို့ စစ်ဘေး ဒဏ်မှ တိမ်းရှောင်ထွက်ပြေးလာသည့် ဒေသခံ(၁၀၀၀) နီးပါးခန့်ရှိနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ တစ်ရက်နေ့မှ စတင်ကာ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာဖက်တွင် သျှမ်းပြည်တိုး တက်ရေးပါတီ (SSPP/SSA)၊ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TSLF/TNLA) ပူးပေါင်းတပ်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးပတ်ဝန်းကျင်ရှိ ရွာသူ/ရွာသား များ ထွက်ပြေးတိမ်းရှောင်လာခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

“တိုက်ပွဲကလည်း မငြိမ်သေးတော့ စစ်ဘေးရှောင်တွေကလည်း များလာပါတယ်၊ အခု စစ်ဘေးရှောင် ၁၀၀၀ နီးပါးမှာ ကလေးနဲ့ အမျိုးသမီးတွေက အများဆုံးဖြစ်နေတယ်၊ အစားအသောက်နဲ့ အသုံးအဆောင် ပစ္စည်း တွေလည်း အများကြီး လိုအပ်နေပါတယ်၊ ဆေးဝါးကုသမှုကလည်း အရေးကြီးလိုအပ်နေပါတယ်” ဟု စစ်ဘေး ရှောင်များကို ကူညီပေးနေသည့် နမ့်ခုံးရှမ်းများ ပရဟိတ အသင်းကသျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိတွင် စစ်ဘေးဒဏ်မှ ထွက်ပြေးတိမ်းရှောင်လာသူများ အများစုသည် ဘုန်းကြီးကျောင်းများ နှင့် ပိတ်ထားသည့် စာသင်ကျောင်းများတွင် တည်းခိုနေကြရပြီး နှင့် တချို့သူများကလည်း မြို့ပေါ်ရှိအမျိုးများ နေအိမ်သို့ ခိုလှုံနေထိုင်ကြရကြောင်း လည်း သိရသည်။ 

“မြို့ပေါ်မှာ ဆွေမျိုးရှိနေတဲ့သူကျတော့ ဆွေမျိုးအိမ်မှာ ခိုလှုံကြတာပေါ့၊ အများစုကတော့ ဘုန်းကြီးကျာင်း မှာပဲ ရှိကြတယ်၊ အခုမှာ စစ်ဘေးရှောင်တွေ အရေးကြီးလိုအပ်နေတာက အစားအသောက်ပေါ့၊ ကလေးနဲ့ အမျိုးသမီးတွေ များတဲ့အတွက် သူတို့အတွက် တစ်ကိုယ်ရေသုံးပစ္စည်းတွေလည်း လိုအပ်တယ်၊ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်” ဟု နမ့်ခုံး ပရဟိတ ရှမ်းများအသင်းမှ စိုင်းဟန်လျန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ကျေးရွာခံတွေဟာ တော့ဆန်ကျေးရွာအုပ်စု တော့ဆန်၊ ကလောဝိုင်း၊ မိုင်းကုန်း၊ ချုံးကျေးရွာအုပ်စု နမ့်ဖြစ်ကျေးရွာ၊ ချုံးဟောင်းကျေးရွာ၊ ချုံးသစ်ကျေးရွာ နှင့် ညောင်းမောင်း ကျေးရွာမှ ရွာသူ/ရွာသားများဖြစ်ကြောင်း သိရသည်။ 

ဇူလိုင်လ ၁ ရက်နေ့ ကတည်းက စခဲ့သည့် တိုက်ပွဲသည် ယနေ့ချိန်ထိ စစ်ရေးတင်းမာမှုများရှိနေကြပြီး စစ်ဘေးရှောင်များအတွက် အလှူရှင်များကလည်း ခါတိုင်းများထက် လျှော့နည်းလာသည့်အတွက် ရေရှည် တိုက်ပွဲဖြစ်ပွားမည် ဆိုပါက စစ်ဘေးရှောင်ပြည်သူများအတွက် ရေရှည်တောင့်ခိုင်နိုင်ဖို့ ခက်ခဲကြောင်းလည်း သိရသည်။ 


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ကျောက်မဲမြို့နယ် စစ်ရှောင် (၁၀၀၀) နီးပါးထိရှိလာ ဆေးဝါးကုသမှုများ အရေးကြီး လိုအပ်နေ ကျောက်မဲမြို့နယ် စစ်ရှောင် (၁၀၀၀) နီးပါးထိရှိလာ ဆေးဝါးကုသမှုများ အရေးကြီး လိုအပ်နေ Reviewed by THITHTOOLWIN on 19:56 Rating: 5

No comments:

Powered by Blogger.