ဝန်ထမ်း ၁၉ ဦး Covid-19 ကူးစက်ခံရလို့ သရက်မြို့ စီးပွားရေးဘဏ် ခေတ္တပိတ်ထားရ



သရက်၊ ဇူလိုင် ၁၃၊ ၂၀၂၁။

မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း ၁၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် မြန်မာ့စီးပွားရေးဘဏ်ကို ဇူလိုင် ၁၂ ကနေ ၂၀ ရက်နေ့ထိ ခေတ္တပိတ်ထားမယ်လို့ ဘဏ်ဝန်ထမ်းတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ ဝန်ထမ်းအမျိုးသမီး ၂ ဦးပိုးတွေ့ရှိခဲ့ပြီး၊ ကျန်ဝန်ထမ်း ၃၃ ဦးကို ညနေဘက်မှာ အရေးပေါ် စစ်ဆေးပေးခဲ့ရာ နောက်ထပ် ၁၇ ဦးထပ်မံ တွေ့ရှိတာလို့ဆိုပါတယ်။

"ဘဏ်ဝန်းထမ်းမိသားစုတွေကို အပြင်မထွက်ဘဲ အိမ်မှာနေဘို့ ညွှန်ကြားထားသလို ဘဏ်ကိုလဲ တပတ်ဆယ်ရက်လောက်ပိတ်မှာဖြစ်တယ်။ မိသားစုဝင်ထဲကပါ တွေ့နေရပြီ။" လို့ အစိုးရအရာထမ်းတဦးက ပြောပါတယ်။

အဲဒီနောက် ဇူလိုင်လ ၁၀ ရက်ဒီနေ့မှာ ထိစပ် ၁၀၀ ဦးကျော်ကို ဆက်လက်စစ်ဆေးရာ ၂၁ ဦးထပ်မံတွေ့ရှိရလို့ မိသားစုဝင်တွေကိုပါ Stay at Home အဖြစ် ‌သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့အထိ သရက်မြို့မှာ ပိုးတွေ့ရှိထားသူ စုစုပေါင်း ၂၄၃ဦးရှိပြီး၊ ဆေးရုံဆင်းခွင့်ရသူ ၂၂ ဦး၊ သေဆုံးသူတဦးရှိနေတယ်လို့သိရပါတယ်။

သရက်မြို့မှာ မြန်မာ့စီးပွားရေးဘဏ်၊ KBZ၊ အင်းဝ၊ မြဝတီ၊ CBနဲ့ မွေးရေကမ္ဘာ့ရတနာဘဏ်တို့ရှိကြပြီး၊ မြန်မာ့စီးပွားရေးဘဏ်အပြင် KBZ ဘဏ်နဲ့ CBဘဏ်တို့လဲပိတ်ထားရတယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

https://www.facebook.com/myaelattathan

ဝန်ထမ်း ၁၉ ဦး Covid-19 ကူးစက်ခံရလို့ သရက်မြို့ စီးပွားရေးဘဏ် ခေတ္တပိတ်ထားရ ဝန်ထမ်း ၁၉ ဦး Covid-19 ကူးစက်ခံရလို့ သရက်မြို့ စီးပွားရေးဘဏ် ခေတ္တပိတ်ထားရ Reviewed by THITHTOOLWIN on 20:28 Rating: 5

No comments:

Powered by Blogger.