ပြည်မြို့ကအတည်ပြုလူနာတွေထားတဲ့ သူနာပြုဆောင်ရဲ့ အခြေအနေ


ပြည်၊ ဇူလိုင်၁၃၊ ၂၀၂၁။

ပြည်မြို့မှာ ကိုဗစ်၁၉ အတည်ပြုလူနာတွေများလာလို့ ပြည်မြို့ကုတင်၅၀၀ ဆေးရုံကြီးမှာ နေရာမဆံ့တော့တဲ့ အတွက် သူနာပြုသင်တန်းကျောင်းမှာ အတည်ပြုလူနာတွေကို ပြီးခဲ့တဲ့ အပတ်ကစပြီး ပြောင်းရွှေ့ထားခဲ့တာပါ။

လက်ရှိ သူနာပြုဆောင်မှာ အဆောင်နှစ်ဆောင်နဲ့ အတည်ပြုလူနာ ၅၀ကျော်လောက်ရှိပြီး တစ်ခန်းကို လူ ၆ဦးစီတူတူနေရတယ်လို့ သိရပါတယ်။

အတည်ပြုလူနာတွေက ကိုယ့်အစီစဥ်နဲ့ကိုယ် ဆေးသောက်ရတာတွေလုပ်နေရပြီး ဆရာဝန်၊ သူနာပြု စတဲ့ကျန်းမာရေးဝန်ထမ်းတွေ လာရောက်ကြည့်ရှုတာမျိုး မရှိဘူးလို့ ပြောပါတယ်။

အတည်ပြုလူနာတွေကို ၂ပတ်ပြည့်ရင် အိမ်ပြန်လွှတ်ပြီး အိမ်ပြန်ခါးနီးလူတွေရဲ့ အခန်းထဲကို နောက်ထပ်အတည်ပြုလူနာသစ်တွေနဲ့ ရောထားတာမျိုးတွေလည်း ရှိနေပါတယ်။

အတည်ပြုလူနာတွေထားတဲ့ သူနာပြုဆောင် နှစ်ဆောင်လုံးမှာ ပြီးခဲ့တဲ့ ရက်အထိ အမှိုက်များ စုပုံနေပြီး ညစ်ပတ်နေတာကြောင့် တစ်ဆောင်ကိုတော့ လာရှင်းပေးသွားပြီး နောက်တစ်ဆောင်ကိုတော့ ဒီနေ့မှာ အတည်ပြုလူနာတွေကပဲ ရှင်းလိုက်ရတယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

https://www.facebook.com/myaelattathan

ပြည်မြို့ကအတည်ပြုလူနာတွေထားတဲ့ သူနာပြုဆောင်ရဲ့ အခြေအနေ ပြည်မြို့ကအတည်ပြုလူနာတွေထားတဲ့ သူနာပြုဆောင်ရဲ့ အခြေအနေ Reviewed by THITHTOOLWIN on 20:34 Rating: 5

No comments:

Powered by Blogger.