မန္တလေးမှာလည်း ကိုဗစ်လူနာတွေအတွက် အောက်စီဂျင်ပြတ်လပ်နေ

အမရပူရမြို့နယ်က ဗားကရာကျောင်းတိုက်မှာ မန္တလေးမြို့ခံ ပရဟိတအဖွဲ့တစ်ဖွဲ့က အောက်စီဂျင်ဖြည့်ပေးနေတာဖြစ်ပါတယ်။

မန္တလေးမြို့က ကိုဗစ်လူနာအတွက် အောက်စီဂျင်ရရှိမှုဟာ နေ့ရော၊ ညပါ ပြတ်လပ်မှုဖြစ်နေတယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။ ]

"တညလုံးပဲ။ တချို့ဆို အောက်ဆီဂျင်ကျသွားလို့ လုပ်ပါဦး၊ ကယ်ပါဦးဆို ကိုယ့်ဆီမှာ ဘာမှမရှိ၊ ပရဟိတအဖွဲ့ဆိုတော့ လုပ်မပေးနိုင်တာတွေ အများကြီးပေါ့။ တတ်အားသရွှေ့ပဲ ကူညီနိုင်တာ။ အိုးတွေ ကုန်တာ ပြတ်တာဆိုရင် ရပ်ရတာပေါ့"လို့ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

နိဗ္ဗာန်သုခ ပရဟိတ လူမှုကယ်ဆယ်ရေး တာဝန်ရှိသူ တစ်ဦးကလည်း "အောက်ဆီဂျင်နဲ့ ပက်သက်ပြီး တတ်နိုင်သလောက်ကူညီပေမယ့် အခုတလုံးမှကို မရှိတော့တာ။ တနေ့ကို အလုံးပေါင်း ၆၀ရှိတာ အကုန်နီးပါးကို ငှားရတာ အကုန်ပါပဲ။ အသက်ရှူစက်ရှိတာတွေလဲ ငှားထားရတယ်"လို့ မန္တလေးမြို့တွင်းက ကိုဗစ်လူနာတွေကို အောက်ဆီဂျင်လိုအပ်ချက်ကြောင့် ပို့ဆောင်ငှားပေးရကြောင်းကို ပြောပါတယ်။

မန္တလေးမြို့မှာ အောက်ဆီဂျင်အိုးဖြည့်ပေးတဲ့ စက်ရုံ ၃ ခုရှိသလို ပုဂ္ဂလိက စက်ရုံအသေးတွေ ရှိပေမဲ့ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။

ဇူလိုင်လ ၁၁ရက် မန္တလေးမြို့မှာ ကိုဗစ်-၁၉ နဲ့ သေဆုံးသူ အနည်းဆုံး ၂၀ကျော်ကို လူမှုကူညီအသင်းကနေ သယ်ဆောင်ပြီး အေးရိပ်ငြိမ် သုဿာန်ကို ပို့ဆောင်သဂြိုလ်ပေးရခဲ့ရတယ်လို့ ရှာဖွေကယ်ဆယ်ရေးအသင်းတွေကနေ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

မန္တလေးမှာလည်း ကိုဗစ်လူနာတွေအတွက် အောက်စီဂျင်ပြတ်လပ်နေ  မန္တလေးမှာလည်း ကိုဗစ်လူနာတွေအတွက် အောက်စီဂျင်ပြတ်လပ်နေ Reviewed by THITHTOOLWIN on 22:03 Rating: 5

No comments:

Powered by Blogger.