ဖားကန့်တွင် မြေပြိုကျ၍ ရေမဆေး ကျောက်ရှာသူ ၃ ဦး မြေစာပိ သေဆုံး


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနောက်တောင်ဘက် ၈ မိုင်ခန့် အကွာ ဆိပ်မူ အုပ်စုဖားပြင်ကျေးရွာအနီ ယခင် ရတနာတောင်တန်း ကုမ္ပဏီလုပ်ကွက်ဟောင်းတွင် ဇွန်လ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်မြေပြိုကျပြီး ရေမဆေးကျောက်ရှာသူ ၃ ဦး မြေစာပိသေဆုံးကြောင်း သိရှိရသည်။ 

မြေစာပိ၍ သေဆုံးသူ ၃ ဦးမှာ အသက် ၃၇ နှစ်အရွယ် လထော်နော်၊  အသက် ၂၉ နှစ်အရွယ် နော်မိုးနွေး၊ အသက် ၂၆ နှစ်အရွယ် နာဆာဒီ တို့ဖြစ်ကြောင်း သိရှိရသည်။


Zalen 

https://www.facebook.com/zalen.info/

ဖားကန့်တွင် မြေပြိုကျ၍ ရေမဆေး ကျောက်ရှာသူ ၃ ဦး မြေစာပိ သေဆုံး ဖားကန့်တွင် မြေပြိုကျ၍ ရေမဆေး ကျောက်ရှာသူ ၃ ဦး မြေစာပိ သေဆုံး Reviewed by THITHTOOLWIN on 19:50 Rating: 5

No comments:

Powered by Blogger.