ဦးဝင်းထိန်အမှု စွဲချက်တင်သင့်မတင်သင့် နောက်ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက်ပေးရမယ်

ဦးဝင်းထိန်အမှု စွဲချက်တင်သင့်မတင်သင့် နောက်ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက်ပေးရမယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန် ကို တွေ့ရစဉ် / Photo: RFA

စစ်ကောင်စီက ဖမ်းဆီးပြီး တရားစွဲဆိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင် ဦးဝင်းထိန်ရဲ့အမှုအတွက် နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်တရားရုံးမှာ ဇူလိုင်လ ၂ ရက် ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က တင်သွင်းခဲ့တဲ့ တရားလိုပြသက်သေ သုံးယောက်ရှိတဲ့အထဲက နောက်ဆုံးစစ်ဖို့ကျန် တော့တဲ့ ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းမျိုးအောင်ကို ဒီကနေ့ စစ်ဆေးခဲ့ဖြစ်တာကြောင့် တရားလိုဘက်က တင်တဲ့သက်သေတွေ အားလုံးကို စစ်ဆေးပြီးသွားပြီလို့ သူ့ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုး RFA ကို ပြောပါတယ်။

ဒါကြောင့် နောက်လာမယ့် ရုံးချိန်းမှာ ဒီမှုအကို စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်စလုံးက လျှောက်လဲချက် ပေးရမှာဖြစ်ကာ နောက်ထပ်တစ်ချိန်းမှာမှ စွဲချက်တင်သင့်၊ မတင့်သင့် တရားသူကြီးက အမိန့်ချမှာဖြစ် တယ်လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ နေပြည်တော်မှာ သတင်းထောင်တချို့နဲ့ မေးမြန်းမှုအတွင်း ဦးဝင်းထိန်က အာဏာသိမ်းမှုနဲ့ပတ်သက်လို့ ဝေဖန်တာတွေလုပ်ခဲ့တာကြောင့် ဖေဖော် ဝါရီလ ၄ ရက်နေ့ ရန်ကုန်ကိုပြန်ရောက်ချိန်မှာ ဖမ်းဆီးခံလိုက်ရပြီး နေပြည်တော်ကို ပြန်လည်ခေါ်ဆောင် ခံခဲ့ရပါတယ်။

အဲဒီနောက် နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၁၂၄ (က)နဲ့ နေပြည်တော် ဥတ္တရသီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလူက တရားလိုလုပ် တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။

ပုဒ်မ ၁၂၄ (က) ဟာ အမြင့်ဆုံး ထောင် နှစ် ၂၀ ထိချနိုင်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဦးဝင်းထိန်ဟာ အရင်စစ်စိုးရလက်ကလည်း ထောင် ၂ ခါကျခဲ့ဖူးပြီး ထောင်ထဲမှာ နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းခဲ့ရသူလည်းဖြစ်ပါတယ်။

ရုံးချိန်းမစတင်ခင်မှာ ဦးဝင်းထိန်းနဲ့ ရှေ့နေတို့ ၁၅ မိနစ်လောက် တွေ့ဆုံချိန်ရခဲ့ပြီး ဦးဝင်းထိန်ရဲ့ ကျန်းမာရေးလည်း ကောင်းမွန်နေတယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/winhtein-court-07022021051521.html

ဦးဝင်းထိန်အမှု စွဲချက်တင်သင့်မတင်သင့် နောက်ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက်ပေးရမယ် ဦးဝင်းထိန်အမှု စွဲချက်တင်သင့်မတင်သင့် နောက်ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက်ပေးရမယ် Reviewed by THITHTOOLWIN on 19:37 Rating: 5

No comments:

Powered by Blogger.