မြစ်ငယ်က အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

မြစ်ငယ်က အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ ၂၀၂၁ ဇူလိုင် ၁၄ ရက်နေ့ မြစ်ငယ်မြို့က ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူတွေကို တွေ့ရစဥ် /Photo CJ

မန္တလေးတိုင်း မြစ်ငယ်မြို့ အောင်ချမ်းရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်ချိုဟာ ဒီကနေ့ ဇူလိုင် ၁၄ ရက် မနက်ပိုင်းမှာ ဆိုင်ကယ်စီးလာသူနှစ်ယောက် သေနတ်နဲ့အပစ်ခံရလို့ သေဆုံးသွားပါတယ်။

အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်ချိုနဲ့အဖွဲ့ဟာ ဈေးအနီး နှာခေါင်းစည်းတွေဝေနေတုန်း အမျိုးသားနှစ်ယောက် ဆိုင်ကယ်တစ်စီးနဲ့ရောက်လာပြီး ဒေါ်သက်သက်ချိုရဲ့ ဦးခေါင်းကို သေနတ်နဲ့အပစ်ခံရလို့ သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြစ်ငယ်မြို့က ဒေသခံတစ်ယောက်က ပြောပါတယ်။

“မနက် ၇ နာရီလောက်မှာဖြစ်သွားတာ။ အုပ်ချုပ်ရေးမှူးကတော့ နေရာတင်သေသွားတယ်။ ပစ်တော့ လူတွေက ပြေးကြလွှားကြဖြစ်သွားတယ်။ ပစ်သွားတဲ့သူတွေတော့ မိတဲ့အသံမကြားလိုက်ဘူး။ ဈေးတွေ လည်း ပိတ်လိုက်ကြရတယ်။ အဲဒီအမျိုးသမီးက ဆန္ဒပြပွဲတွေလုပ်တုန်းကလည်း အတိုင်အတောလုပ်တော့ သူ့ကြောင့် ဖမ်းခံရသူတွေအများကြီးပဲ”

သေနတ်နဲ့ ၈ ချက်ခန့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိခဲ့သူ နှစ်ယောက်ကို မန္တလေးဆေးရုံကြီးကို ပို့ဆောင် လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးအမျိုးသမီး ဒေါ်သက်သက်ချိုဟာ စစ်ကောင်စီက ခန့်အပ်ထားသူဖြစ်ပြီး အခုလိုပစ်ခတ်သွား တာဟာ ဘယ်အဖွဲ့ကဖြစ်တယ်ဆိုတာကိုတော့ မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myit-nge-shooting-one-dead-07142021023901.html

မြစ်ငယ်က အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ  မြစ်ငယ်က အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 20:32 Rating: 5

No comments:

Powered by Blogger.