လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး ကိုယ့်ကိုယ်အဆုံးစီရင်


၂၀ ဇူလိုင် ၂၀၂၁ 

သျှမ်းပြည်တောင်ပိုင်း ခရိုင်အတွင်းလှုပ်ရှားနေသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦး ကိုယ်ကိုယ့်အဆုံးစီရင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက် မနက်ပိုင်း ( ၆) နာရီ အချိန် သျှမ်း-ထိုင်းနယ်စပ် ဟိုမိန်းမြို့ သို့ရောက်ရှိလှုပ်ရှားသည့် ကွန်ဟိန်းမြို့နယ် တာ့ကော့အခြေချစိုက် တပ်မ ခလရ( ၂၆၉) မှ အရာရှိ ဗိုလ်ကြီးတစ်ဦး မိမိကိုယ်ကို သေနတ်ပစ်ခတ် အဆုံးစီရင်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

“ အဲအရာရှိဗိုလ်ကြီး ဘာကြောင့် သူကိုယ့်သူ သတ်သေတာလဲ တော့မသိဘူး။ စိတ်ဖိတ်စီးမှုတခုခုကြောင့်လို့တော့ထင်တယ်။ သူကိုယ့်သူ သတ်သေသွားတာတော့ ဟုတ်တယ်။”  ဟု   ဟိုမိန်း ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါဗိုလ်ကြီးသည် ဟိုမိန်းမြို့နယ် နားမွန်းအွန်ကျေးရွာရှိ BP7 တပ်တွင် သေနတ်ပစ်ခတ် အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်အုပ်ချုပ်မှုကို သဘောမကျသောကြောင့် စစ်သားများ တပ်တွင်း စွန့်ခွာမှုများရှိခဲ့ကြောင်းသိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး ကိုယ့်ကိုယ်အဆုံးစီရင် လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး ကိုယ့်ကိုယ်အဆုံးစီရင် Reviewed by THITHTOOLWIN on 21:02 Rating: 5

No comments:

Powered by Blogger.