ပလက်၀မြို့နယ်သံထောင်ရွာတွင် မြန်မာစစ်တပ်မှ ရွာစျေးဆိုင်များမှ အကြွေးယူပြီး ပြန်မဆပ်ကြဟု သိရ


ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်ကျေးရွာတွင် စစ်ဆင်ရေးရောက်လာသည့် မြန်မာစစ်တပ်က ရွာစျေးဆိုင်မှ ပစ္စည်းများ အကြွေးယူကာ ပြန်မဆပ်ကြဟု ဒေသံများထံက သိရသည်။

"ရွာကိုစစ်ဆင်ရေး ရောက်လာတဲ့ တပ်မ (၅၅) လက်အောက်ခံ ခ.လ.ရ (၃) တပ်ရင်းက ရွာစျေးဆိုင်တွေမှာ အကြွေးယူပြီး ပြန်မဆပ်တာတွေ ရှိတယ် အရင်ကတော့ လကုန်လို့ လစာရောက်ရင် တချို့က အကြွေးပြန်လာဆပ်တယ် အခုက အကြွေးမဆပ်ကြဘူး ဒါကို အရာရှိတွေကို တိုင်ရင်လည်း ဆောင်ရွက်ပေးမယ်ပြောတယ် ဒါပေမယ့် မထူးလို့ ခဏခဏ သွားတိုင်ရင် ကိုယ့်အပြစ်လိုဖြစ်လာတယ်" ဟုကျေးရွာဒေသခံတစ်ဦးကပြောသည်။

သံထောင်ကျေးရွာမှ  စခန်းမှုးနှင့် အုပ်ချုပ်ရေးမှုး အဖမ်းဆီးခံရကတည်းမှ တပ်မ (၅၅)  ရောက်ရှိလာပြီး အပစ်ခတ်ရပ်စဲပြီး နောက်ပိုင်းတွင်  နောက်ထပ်တပ်ရင်း ရောက်ရှိလာပြီး တပ်စွဲထားတာဖြစ်ကြောင်း ဒေသခံများထံက သိရသည်။ 

လက်ရှိသံထောင်ကျေးရွာတွင် ရဲစခန်းမှလည်း တာဝန်ယူ ဆောင်ရွက်ပေးမှုပိုင်းလည်း မရှိတော့ကြောင်း ဒေသခံများက ဆိုသည်။

`နိုင်ငံရေး မကောင်းတဲ့နောက်ပိုင်းကနေ စမယ်ထင်တယ် ရွာမှာ ခိုက်ရန်ဖြစ်လို့ဖြစ်ဖြစ် သူခိုးဖြစ်ဖြစ် ပြစ်မှုရှိတဲ့သူတွေကို ရဲစခန်းက အရေးယူ ဆောင်ရွက်ပေးတာတွေလည်း မရှိတော့ဘူး တိုင်ရင်လည်း ကိုယ်ကဘဲ အပြစ်ရှိသလို ဖြစ်တဲ့ အခြေနေဖြစ်ကုန်တယ်"ဟုပြောသည်။

ပလက်ဝမြို့နယ် သံထောင်ကျေးရွာမှာ အိမ်ခြေအားဖြင့် ၃၀၀ ကျော် ဝန်းကျင်ခန့်ရှိသည့် ရွာဖြစ်သည်။


Chin World

https://www.facebook.com/chinworldmedia/

ပလက်၀မြို့နယ်သံထောင်ရွာတွင် မြန်မာစစ်တပ်မှ ရွာစျေးဆိုင်များမှ အကြွေးယူပြီး ပြန်မဆပ်ကြဟု သိရ ပလက်၀မြို့နယ်သံထောင်ရွာတွင် မြန်မာစစ်တပ်မှ ရွာစျေးဆိုင်များမှ အကြွေးယူပြီး ပြန်မဆပ်ကြဟု သိရ Reviewed by THITHTOOLWIN on 21:04 Rating: 5

No comments:

Powered by Blogger.