သာကေတကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းကို အိမ်စီးကား အရပ်ဝတ်နဲ့လူတချို့ ဝင်ရောက်ဖမ်းဆီး

သာကေတကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းကို အိမ်စီးကား အရပ်ဝတ်နဲ့လူတချို့ ဝင်ရောက်ဖမ်းဆီး

အာဇာနည်နေ့အတွက် ချီတက်သပိတ်စစ်ကြောင်းထွက်တဲ့ ကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းကိုအိမ်စီးကားနဲ့အရပ်ဝတ်လူတချို့ဝင်ရောက်ဖမ်းဆီးရာမှာ ဆန္ဒပြလူငယ်တစ်ဦး ဖမ်းဆီးခံရတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့လူငယ်တွေက ပြောပါတယ်။

" သပိတ်ထွက်ပြီး ၅မိနစ်လောက်ပဲရှိသေးတယ်။ စပြီးအဖြိုခွဲခံရတယ် ။ ဒလန်သတင်းပေးတာကြောင့်လည်းပါတယ်။ အနောက်ကနေဆိုင်ကယ်တွေရော အိမ်စီးကားတွေနဲ့ရောလိုက်ဖမ်းတာပါ။ ဒီနေ့ကတော့ သာကေတကျောင်းပေါင်းစုံသပိတ်အနေနဲ့ အာဇာနည်နေ့ ကြွေးကြော်သံတွေနဲ့ သပိတ်စစ်ကြောင်းထွက်လာခဲ့တာပါ " လို့သပိတ်စစ်ကြောင်းမှာပါဝင်တဲ့လူငယ်တစ်ဦးက ဘီဘီစီကိုပြောပါတယ် ။

ဒီနေ့ဇူလိုင် ၁၉ ရက် ၇၄ နှစ်မြောက်အာဇာနည်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလှည့်လှည်ပိတ်ဆို့ဖမ်းဆီးနေတဲ့ကြားကပဲ နိုင်ငံတဝန်းမှာ အာဇာနည်နေ့အတွက် ကြွေးကြော်သံတွေ၊ ကားဟွန်းတီးသံသပိတ်တွေနဲ့ချီတက်ဆန္ဒပြခဲ့ကြခဲ့ကြပါတယ် ။ 


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

သာကေတကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းကို အိမ်စီးကား အရပ်ဝတ်နဲ့လူတချို့ ဝင်ရောက်ဖမ်းဆီး သာကေတကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းကို အိမ်စီးကား အရပ်ဝတ်နဲ့လူတချို့ ဝင်ရောက်ဖမ်းဆီး Reviewed by THITHTOOLWIN on 23:13 Rating: 5

No comments:

Powered by Blogger.