ဇူလိုင် ၁၁ ရက် ကိုဗစ်ကူးစက် သေဆုံးသူ အရေတွက် ဆက်တိုး


ကိုဗစ်ကူးစက်မှုအသစ် လေးထောင်ကျော်လာတာ သုံးရက်ဆက် ရှိခဲ့ပေမ့ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ ကူးစက်သူ အသစ် ၃၄၆၁ ဦး နဲ့ သေဆုံးသူ ၈၂ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

လူပေါင်း ၁၀၁၁၇ ဦးစစ်ဆေးရာမှာ လူ ၃၄၆၁ ဦးတွေ့တာဖြစ်လို့ ကူးစက်မှုနှုန်းက မကျဘဲ ၃၄ ရာခိုင်နှုန်းအထိ ရှိလာနေပါတယ်။

သေဆုံးသူကတော့ ဇူလိုင် ၁၀ ရက်နေ့က ၇၁ ဦးရှိပြီး ဇူလိုင် ၁၁ ရက်နေ့မှာ ၈၂ ဦးအထိရှိလာတဲ့အတွက် သေဆုံးသူအရေအတွက်ကလည်း ဆက်တိုးလာနေပါတယ်။

အခုချိန်ထိ မြန်မာနိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၁၉၂,၂၁၃ဦး ရှိပြီး သေဆုံးသူ ၃,၈၃၈ ဦး ရှိပြီ ဖြစ်ပါတယ်။

ကူးစက်မှု များပြားနေလို့ လူနာနဲ့ ဆရာဝန် အချိုး အလွန်အမင်း ကွာဟမှုကို ပြင်ပဆေးခန်းတွေနဲ့ ပြင်ပမှာ ဆေးကုသနေတဲ့ ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့ ဖြည့်ဆည်းဖို့ စီမံနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ အစည်းဝေးမှာ ပြောသွားခဲ့ပါတယ်။

လတ်တလောမှာတော့ ကူးစက်မှု များပြားလာတာနဲ့အတူ ကိုဗစ်ကူးစက်သူနဲ့ သံသယလူနာတွေ ကုသမှု ခံယူရမယ့်နေရာ အခက်အခဲနဲ့ အောက်ဆီဂျင် လိုအပ်မှုတွေမြင့်မားနေပြီး Stay at home သတ်မှတ်ထားတဲ့ မြို့နယ်နဲ့ဒေသလည်း ၁၈ မြို့နယ် ဒီကနေ့ ထပ်တိုးခဲ့လို့ ၆၃ မြို့နယ်အထိ ရှိလာနေပြီ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

ဇူလိုင် ၁၁ ရက် ကိုဗစ်ကူးစက် သေဆုံးသူ အရေတွက် ဆက်တိုး ဇူလိုင် ၁၁ ရက် ကိုဗစ်ကူးစက် သေဆုံးသူ အရေတွက် ဆက်တိုး Reviewed by THITHTOOLWIN on 21:30 Rating: 5

No comments:

Powered by Blogger.