မိုင်းကိုင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊အဝတ်၊ ဆေးများအရေးပေါ်လိုအပ်


ဇူလိုင် (၁၀) ရက် ၂၀၂၁

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဝမ်ဟွေ့လုံကျေးရွာအုပ်စုအတွင်း စစ်ဘေးရှောင် (၇၄၁) ဦးတို့သည် စားနပ်ရိက္ခာ ၊ အဝတ်အထည် နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ကျေးသီးမြို့နယ် လွိုင်ဟွမ်းတောင်ကြော တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုရှိ  ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။

 “ကလေး အဝတ်အထည် တွေ အရမ်းလိုအပ်နေတယ်။ မိုးရာသီဖြစ်တော့ အဝတ်တွေ မခြောက်ဘူး။ ဆေးဝါးပစည်းတွေလည်း လိုအပ်နေတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကော်မတီဝင် တစ်ဦးက ပြောသည်။

ဇူလိုင် (၁၀) ရက်နေ့အထိ မိုင်းကိုင်မြို့နယ် ဝမ်ဟွေ့လုံကျေးရွာအုပ်စုအတွင်း  စစ်ဘေးရှောင် စုစုပေါင်း (၇၄၁) ဦးရှိပြီး ၎င်းတို့သည် ဝမ်လျန့်ဘုန်းကြီးကျောင်းမှာ (၃၁၇) ဦး၊ ဝမ်ဟွေ့ဘုန်းကြီးကျောင်း (၁၅၀) ဦး၊ နောင်လီဘုန်းကြီးကျောင်း (၁၅၈) ဦး၊ စာသင်ကျောင်းမှာ (၃၆) ဦး နှင့် မိုင်းခွန်ကျေးရွာအုပ်စုရှိ စက်တော်ရာကျောင်းမှာ (၈၀) ဦး စုစုပေါင်း (၇၄၁) ဦး ရှိကြောင်း သတင်းရရှိသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

မိုင်းကိုင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊အဝတ်၊ ဆေးများအရေးပေါ်လိုအပ် မိုင်းကိုင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊အဝတ်၊ ဆေးများအရေးပေါ်လိုအပ် Reviewed by THITHTOOLWIN on 19:54 Rating: 5

No comments:

Powered by Blogger.