Alpine ရေသန့်စက်ရုံ ဝန်ထမ်းတချို့ Covid-19 ကူးစက်ခံထားရ

Alpine ရေသန့်စက်ရုံ ဝန်ထမ်းတချို့ Covid-19 ကူးစက်ခံထားရ Alpine သောက်ရေသန့်တွေ ထုတ်လုပ်နေတာကို တွေ့ရစဉ် / Photo: Alpine - facebook

ရန်ကုန်တိုင်း၊ မှော်ဘီမြို့က Alpine သောက်ရေသန့်စက်ရုံက ဝန်ထမ်းတချို့ ကိုဗစ်-နိုင်တင်းန် ကူးစက် ခံထားရလို့ အဲဒီဝန်ထမ်းတွေကို ကုသရေးစင်တာနဲ့ နေအိမ်တွေမှာ သီးခြားထားပြီး ကုသပေးနေတယ်လို့ Alpine ရေသန့်စက်ရုံက ဒီနေ့ ဇူလိုင် ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စက်ရုံမှူး အမျိုးသမီးတစ်ယောက် ပိုးကူးစက်ခံထားရတာကို စတင်သိရတာဖြစ်ပြီး သူမနဲ့ ထိတွေ့ခဲ့သူတွေကို စစ်ဆေးကြည့်တဲ့အခါ နောက်ထပ် ခြောက်ယောက်မှာပါ တွေ့ရှိရတာကြောင့် စုစုပေါင်း ဝန်ထမ်း ခုနစ်ယောက် အထိ ကူးစက်ခံထားရတယ်လို့ အဲဒီစက်ရုံက ဝန်ထမ်းတစ်ယောက်က RFA ကို ပြောပါတယ်။

အတည်ပြုလူနာဖြစ်နေတဲ့ ဝန်ထမ်းနဲ့ ထိတွေ့ခဲ့သူတွေကိုလည်း နှစ်ပတ် အနားပေးထားပြီး သီးခြား စောင့်ကြည့်ဖို့ နေရာတွေစီစဉ်ထားတာ မရှိတဲ့အတွက် ကိုယ့်နေအိမ်တွေမှာသာ အနားယူခိုင်းထားတာလို့ ဖော်ပြထားပါတယ်။

လက်ရှိကူးစက်ခံထားရတဲ့ ဝန်ထမ်းတွေဟာ ကျန်းမာရေး ကောင်းမွန်နေပြီး ဒီကူးစက်မှုဟာ စက်ရုံအနီး ရပ်ကွက်တွေထဲကနေတဆင့် ကူးစက်တာလို့ ဆိုပါတယ်။

အလုပ်ချိန်ကိုလည်း အရင်က နေ့ပိုင်းနဲ့ ညပိုင်း အလှည့်ကျ အလုပ်လုပ်တာကနေ အခုချိန်မှာ တစ်ရက်ဆင်း တစ်ရက်နားစနစ်နဲ့ ပြောင်းလဲထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/alpine-water-staff-infected-covid-07112021054301.html

Alpine ရေသန့်စက်ရုံ ဝန်ထမ်းတချို့ Covid-19 ကူးစက်ခံထားရ Alpine ရေသန့်စက်ရုံ ဝန်ထမ်းတချို့ Covid-19 ကူးစက်ခံထားရ Reviewed by THITHTOOLWIN on 20:50 Rating: 5

No comments:

Powered by Blogger.