ကသာမြို့ လေးရက်တာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီက ဗျူဟာမှူးအပါအဝင် နှစ်ရာနီးပါး သေဆုံး

ကသာမြို့ လေးရက်တာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီက ဗျူဟာမှူးအပါအဝင် နှစ်ရာနီးပါး သေဆုံး စစ်ကိုင်းတိုင်း PDFများကို တွေ့ရစဉ် / Photo: CJ

စစ်ကိုင်းတိုင်း ကသာမြို့မှာ စစ်ကောင်စီနဲ့ ကသာပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ဇူလိုင် ၅ နေ့ကစပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လေးရက်အတွင်း စစ်ကောင်စီဘက်က ဗျူဟာမှူးအပါဝင် ၁၈၀ လောက် သေဆုံးတယ်လို့ ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၅ ရက်နေ့မှာ ကသာပြည်သူ့ကာကွယ်ရေး အခြေစိုက်စခန်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ် တွေက မိုင်း နှစ်လုံးနင်းမိရာ ၁၀ ယောက်ခန့်၊ ဇူလိုင် ၆ ရက်မှာ ကောက်ကွေ့ချောင်းထဲ ဝင်လာတဲ့ စက်လှေ သုံးစီးကို RPGနဲ့ ပစ်ခတ်လိုက်လို့ နှစ်စီးနစ်မြုပ်သွားရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၆၀ ခန့်၊ ဇူလိုင် ၇ ရက်မှာလည်း ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခုအနီး မိုင်းနင်းမိတာကြောင့် ဗျူဟာမှူးအပါဝင် အယောက် ၃၀ ခန့် ၊ ဇူလိုင် ၉ ရက်တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်၊ အဲဒီနေ့ ညနေပိုင်းမှာပဲ အယောက် ၃၀ ခန့်တို့ဟာ လေးရက်အတွင်း စုစုပေါင်း အယောက် ၁၈၀ လောက် သေဆုံးတယ်လို့ ကသာ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားတာပါ။

ကသာပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ဘက်က သုံးယောက် သေဆုံးပြီး သုံးယောက် ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ တပ်မ ၈၈၊ ကသာတပ်ရင်း ၃၀၄ နဲ့ ၃၀၉ တို့က ထိုးစစ်ဆင်လာတာကို ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ကချင်လွတ်မြောက်ရေးတပ် KIA တပ်မဟာ ၈၊ တပ် ရင်း ၅ရဲ့ ဦးဆောင်မှုနဲ့ ခုခံနိုင်ခဲ့တယ်လို့ ပါရှိပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေက ခြေလျင်လမ်းကြောင်းအပြင် ကားလမ်း၊ ရေလမ်း၊ လေကြောင်း ပစ်ကူတွေနဲ့ပါ တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်ကောင်စီဘက်က သေဆုံးသွားသူတွေကို မိုးတားကြီး၊ မိုးတားလေး စတဲ့ ကျေးရွာအုပ်စုတွေထဲက အုပ်ချေ၊ မြို့လှ၊ မှတ်တိုင်၊ နမ့်စန်း၊ ဆူးပုတ်ကုန်း ကျေးရွာတွေမှာ ကျင်းတူးပြီး မြှုပ်နှံထားကြပြီး၊ ဒဏ်ရာရထားသူ ၇၀ လောက်ကို ရေကြောင်းကနေ သယ်သွားကြပါတယ်။

ကသာ တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ကသာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၁၈၀ လောက် သေဆုံးခဲ့တယ်ဆိုတဲ့ PDF ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဒီကနေ့ နေ့လည်ပိုင်းမှာ ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ကသာမြို့နယ်ထဲ တိုက်ပွဲဖြစ်စဉ်တွေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန် ထားတာတော့ မရှိသေး ပါဘူး။

ကသာ ပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ မတရား ဖမ်းဆီးခံထားရသူတွေ၊ အသတ်ခံထားရသူတွေအတွက် စစ်ကောင်စီ မပြုတ်ကျမချင်း တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထား ပါတယ်။

ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီ RFA က ဆက်သွယ်ဖို့ ကြိုးစားနေပေမဲ့ ဆက်သွယ်လို့ မရသေး ပါဘူး။

ကသာ တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ကသာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၁၈၀ လောက် သေဆုံးခဲ့တယ်ဆိုတဲ့ PDF ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဒီကနေ့ နေ့လည်ပိုင်းမှာ ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/katha-fight-death-07112021043008.html

ကသာမြို့ လေးရက်တာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီက ဗျူဟာမှူးအပါအဝင် နှစ်ရာနီးပါး သေဆုံး ကသာမြို့ လေးရက်တာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီက ဗျူဟာမှူးအပါအဝင် နှစ်ရာနီးပါး သေဆုံး Reviewed by THITHTOOLWIN on 20:48 Rating: 5

No comments:

Powered by Blogger.