ချေးငွေပြန်မဆပ်ရင်တရားစွဲမယ်ဆိုတဲ့စစ်ကောင်စီအကြောင်းကြားချက် စဉ်းစားရန်မရှိကြောင်း CDM ဆရာဆရာမတချို့ တုံ့ပြန်

ချေးငွေပြန်မဆပ်ရင်တရားစွဲမယ်ဆိုတဲ့စစ်ကောင်စီအကြောင်းကြားချက် စဉ်းစားရန်မရှိကြောင်း CDM ဆရာဆရာမတချို့ တုံ့ပြန်

စစ်ကောင်စီက ချေးငွေပြန်မဆပ်ရင် တရားစွဲမယ်လို့ စာပို့ထားတဲ့အပေါ် ဒေါ်အောင် ဆန်းစုကြည် အစိုးရက ထုတ်ပြန်မှ စဉ်းစားမယ်လို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်က CDM ကျောင်းဆရာ၊ ဆရာမတွေက ပြောပါတယ်။

အခုလိုအကြောင်းကြားစာကို စီဒီအမ်ဆရာ၊ ဆရာမတွေထံ အလုပ်ထုတ်စာနဲ့ အတူတူပေးပို့တာဖြစ်ပြီး အလုပ်ထုတ်ကြောင်းနဲ့ ၆ လအတွင်း ချေးငွေနှစ်လစာကို ပြန် မဆပ်ရင် ဥပဒေအကြောင်းအရ အရေးယူမယ်ဆိုတဲ့အကြောင်းပေးပို့တာဖြစ်တယ်လို့ စီဒီအမ်ကျောင်းဆရာမတချို့ကပြောပါတယ်။

"ပြန်မဆပ်ရင် တရားစွဲမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး လုံးဝမစဉ်းစားထားဘူး။ ၆ လအတွင်း ဘာမဆိုဖြစ်သွားနိုင်တယ်။ တော်လှန်ရေးလုပ်နေတဲ့သူတွေဘက်က နိုင်ရင်ဒီစာတွေက အလကားပဲ ။ ပြီးတော့ ဒါတွေက ဒေါ်အောင်ဆန်းစုကြည်လက်ထက်ကထုတ်ပေးထားတဲ့ ချေးငွေတွေဖြစ်တယ်။ စစ်ကောင်စီအစိုးရနဲ့မဆိုင်ဘူး။ ချေးငွေ နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အစိုးရက ကြေညာမှ ဆက်လုပ်တော့မယ်" လို့ အနုပညာတက္ကသိုလ်ကစီဒီအမ်ဆရာမတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အခုလို ဆရာမတွေကို အလုပ်ထုတ်စာနဲ့ချေးငွေပြန်ဆပ်ဖို့အကြောင်းကြားစာကို ပို့တဲ့အချိန် တစ်ယောက်နဲ့တစ်ယောက် မတူသလို အကြောင်းကြားတဲ့ပုံစံမတူဘူးလို့လည်း ဆရာ၊ ဆရာမတွေက ပြောပါတယ်။

"တချို့ဆရာဆရာမတွေကိုတော့ လုံးဝအပြီးထုတ်ပယ်တဲ့ အလုပ်ထုတ်စာနဲ့အတူ ချေးငွေပြန်ဆပ်ဖို့ပို့တယ်။ တချို့ကိုတော့ ယာယီအလုပ်ကနားတဲ့စာနဲ့အတူပို့တယ်။ ချေးငွေပြန်ဆပ်ရမယ့်အချိန်ကတော့ စာရောက်ပြီး ၆ လအတွင်းလို့ပြောတယ်။ တချို့ဆရာ၊ဆရာမတွေလည်း ပြန်ဆပ်ဖို့အတော်ခက်ခဲနေကြတာတွေလည်းရှိပါတယ်" လို့ ဆရာမတစ်ဦးက ပြောပါတယ် ။

အခုလို အလုပ်ထုတ်စာနဲ့ချေးငွေပြန်ဆပ်ဖို့အကြောင်းကြားစာပေးပေးတာတွေကို ရန်ကုန်အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်၊ မန္တလေးအနုပညာတက္ကသိုလ်က ဆရာ၊ဆရာမတွေထံပေးပို့တာဖြစ်ပြီး တက္ကသိုလ်အသီးသီးက ဆရာ၊ ဆရာမ ၅ဝရာခိုင်နှုန်းကျော်လောက်က CDM လုပ်ထားကြတာဖြစ်တယ်လို့လည်းသိရပါတယ် ။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

ချေးငွေပြန်မဆပ်ရင်တရားစွဲမယ်ဆိုတဲ့စစ်ကောင်စီအကြောင်းကြားချက် စဉ်းစားရန်မရှိကြောင်း CDM ဆရာဆရာမတချို့ တုံ့ပြန် ချေးငွေပြန်မဆပ်ရင်တရားစွဲမယ်ဆိုတဲ့စစ်ကောင်စီအကြောင်းကြားချက် စဉ်းစားရန်မရှိကြောင်း CDM ဆရာဆရာမတချို့ တုံ့ပြန် Reviewed by THITHTOOLWIN on 22:21 Rating: 5

No comments:

Powered by Blogger.