မြန်မာအတွက်ဒေါ်လာသုံးသိန်းမြောက်ကိုရီးယားထောက်ပံ့


မြန်မာနိုင်ငံတွင်းလူသားချင်းစာနာထောက်ထားရေးအကူအညီတွေဆောင်ရွက်ဖို့အတွက်ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုကိုမြောက်ကိုရီးယားနိုင်ငံဟာအမေရိကန်ဒေါ်လာသုံးသိန်းလှူဒါန်းခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

ဒါဟာ၂၀၁၅ခုနှစ်နောက်ပိုင်းမြောက်ကိုရီးယားနိုင်ငံကတခြားနိုင်ငံတွေကိုပထမဆုံးပြန်လည်လှူဒါန်းတာဖြစ်ပြီးဒီထောက်ပံ့ငွေတွေကိုမေလ၂၄ရက်နေ့မှာလှူဒါန်းခဲ့တာဖြစ်တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHAရဲ့ဘဏ္ဍာရေးညွှန်းကိန်းမှာဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာမြန်မာနိုင်ငံနဲ့အရင်ကတည်းကထိတွေ့ချိတ်ဆက်မှုတွေရှိခဲ့ပြီးလက်နက်အထောက်အပံ့တွေကိုမြောက်ကိုရီးယားတို့ကထောက်ပံ့ပေးနေတယ်လို့လည်းကုလသမဂ္ဂစောင့်ကြည့်ရေးအဖွဲ့တွေကပြောပါတယ်။

နှစ်နိုင်ငံကြားမစ်ဆိုင်းဒုံးလက်နက်ပူးတွဲလုပ်ဆောင်မှုတွေကိုလည်းစုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမတည်ငြိမ်မှုတွေကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူသိန်းနဲ့ချီရှိနေပြီးလူပေါင်း၁သန်းအတွက်လူသားချင်းစာနာထောက်ထားရေးအကူအညီတွေလိုအပ်နေတယ်လို့လည်းUNOCHAအဖွဲ့ကပြောထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

မြန်မာအတွက်ဒေါ်လာသုံးသိန်းမြောက်ကိုရီးယားထောက်ပံ့ မြန်မာအတွက်ဒေါ်လာသုံးသိန်းမြောက်ကိုရီးယားထောက်ပံ့ Reviewed by THITHTOOLWIN on 22:22 Rating: 5

No comments:

Powered by Blogger.