မိတ္ထီလာမြို့မှာ ညမထွက်ရအမိန့်ထုတ်

မိတ္ထီလာမြို့မှာ ညမထွက်ရအမိန့်ထုတ်

မိတ္ထီလာမြို့နယ်မှာ မနေ့က ဇွန်လ ၁၄ ရက်နေ့က စတင်ပြီး ညမထွက်ရ အမိန့်ထုတ်ပြန်လုက်ပါတယ်။

မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ အမိန့်စာမှာ ဇွန်လ ၁၄ ရက်နေ့ ကနေ သြဂုတ်လ ၁၃ ရက်နေ့ အထိ နှစ်လကြာကာလအတွင်း ည ၈ နာရီကနေ မနက် ၄ နာရီအချိန်အတွင်း ညမထွက်ရ လို့ ဖော်ပြထားပါတယ်။

မိတ္ထီလာ မြို့နယ် နယ်နိမိတ်အတွင်းမှာ အများပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်နေသူတွေ ရှိတာတွေ့ရတယ်လို့ လည်း ဇွန်လ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ အမိန့် ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

မိတ္ထီလာ မြို့နယ် အတွင်း လမ်းမကြီးတွေနဲ့ အများပြည်သူ သွားလာရာ လမ်းတွေပေါ်မှာ လူ ၅ ယောက်ထက်ပိုပြီး စုဝေးခွင့်ကိုလည်း ဒီအမိန့်အရ ကန့်သတ်လိုက်တာဖြစ်ပါတယ်။

အမိန့်စတင် အကျိုးသက်ရောက်တဲ့ ဇွန်လ ၁၄ ရက်နေ့ ညမှာပဲ အောင်ဆန်းမြို့သစ်ရပ်ကွက်ဖက်မှာ ည ၈ နာရီ ခွဲကျော်လောက်က အပြင်ထွက်တဲ့ ဆိုင်ကယ်တစ်စီးကို စစ်သားတွေက တားဆီးတာ ရပ်မပေးလို့ဆိုပြီး ပစ်ခတ်တဲ့ သေနတ်သံ အနည်းဆုံး ၇ ချက်လောက် ကြားခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

မိတ္ထီလာမြို့မှာ ညမထွက်ရအမိန့်ထုတ် မိတ္ထီလာမြို့မှာ ညမထွက်ရအမိန့်ထုတ် Reviewed by THITHTOOLWIN on 21:13 Rating: 5

No comments:

Powered by Blogger.