ပေါက်မြို့နယ် ကင်းမရွာ မီးရှို့ခံရ

ပေါက်မြို့နယ် ကင်းမရွာ

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းက ကင်းမကျေးရွာမှာ ဇွန်လ ၁၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ပစ်ခတ်မှုတွေအပြီးမှာ ရွာက နေအိမ်တွေ မီးလောင်နေတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ရွာက ဒေသခံ အများစုက ကျေးရွာအပြင်တိမ်းရှောင်နေကြပြီး ရွာနဲ့တစ်မိုင်လောက် အကွာကနေ မီးတောက်တွေကို တွေ့မြင်နေရတယ်လို့ ရွာခံတစ်ဦးကပြောပါတယ်။

ကင်းမရွာမှာ လူနေအိမ်ခြေ ၂၄၀ ကျော်ရှိပြီး ညနေ ၄ နာရီခွဲခန့်ထိ မီးဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်းရွာက အသက်ကြီးသူနဲ့ မပြေးနိုင်သူတွေအတွက်စိုးရိမ်စရာဖြစ်တယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၅ ရက်လောက်က အင်းမမှာ ဒေသခံ PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ ရွာကို ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းရောက်လာပြီး အခုလို မီးရှို့ခံရတာလို့လည်းသူ ကပြောပါတယ်။

ကင်းမရွာဟာ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် ကိုဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ပေါက်မြို့နယ် ကင်းမရွာ မီးရှို့ခံရ ပေါက်မြို့နယ် ကင်းမရွာ မီးရှို့ခံရ Reviewed by THITHTOOLWIN on 21:14 Rating: 5

No comments:

Powered by Blogger.