ကလေးမြို့တွင် ၁၅ နှစ်ရွယ်လူငယ်ကို စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးပြီးနောက် နေ့လည်တွင် အလောင်းလာထုတ်ရန် မိသားစုထံ အကြောင်းကြားဟုသိရ


စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ဘဲအင်းရပ်ကွက်နေ  မောင်ကျော်မင်းခန့်မောင်၁၅ နှစ်ကို  စစ်ကောင်စီအဖွဲ့မှ ဒီမနက် ဇွန်လ ၂၀ရက်နေ့တွင်  နံနက် ၂ နာရီခန့်ချိန်တွင်  ဖမ်းဆီးခဲ့ပြီး နေ့လည်ပိုင်းတွင် မောင်ကျော်မင်းခန့်အလောင်း လာထုတ်ရန် မိသားစုထံအကြောင်းကြား ဟုသိရသည်။

ဇွန်လ ၁၉ ရက်နေ့ညကလည်း  ကလေးမြို့ အင်းယာကုန်းရပ်ကွက်တွင်    အိမ်တစ်အိမ်ကို၀င်စီးကာ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးကာ တစ်ဦးမှာ မျက်လုံးတွင်ဒဏ်ရာရရှိခဲ့သည်ဟု သိရပြီး မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ကို လက်ရှိ အတည်မပြုနိုင်သေးပါ။ 

ထိုသို့ ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် မနက် (၂) ခန့်အချိန်တွင် ကလေးမြို့ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ ဧရာဝတီလက်ဖက်ရည်ဆိုင်မှ ၎င်းတို့၏သား ၁၂ နှစ်ရွယ် နောက်ထပ် ဘဲအင်းရပ်ကွက်မှကျော်မင်းခန့်မောင် အသက် (၁၅) နှစ်အရွယ်နှင့် မြန်မာ့စီး ပွားရေးဘဏ် ဝန်ထမ်း ကိုအောင်မြတ်မိုး အသက် (၃၅) နှစ်ခန့်တို့ကို စစ်ကောင်စီအဖွဲ့မှဖမ်းဆီးသွားသည်ခဲ့ဟုသိရသည်။


Chin World 

https://www.facebook.com/Chin-World-167011980026853/

ကလေးမြို့တွင် ၁၅ နှစ်ရွယ်လူငယ်ကို စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးပြီးနောက် နေ့လည်တွင် အလောင်းလာထုတ်ရန် မိသားစုထံ အကြောင်းကြားဟုသိရ ကလေးမြို့တွင် ၁၅ နှစ်ရွယ်လူငယ်ကို စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးပြီးနောက် နေ့လည်တွင် အလောင်းလာထုတ်ရန် မိသားစုထံ အကြောင်းကြားဟုသိရ Reviewed by THITHTOOLWIN on 20:10 Rating: 5

No comments:

Powered by Blogger.