ကုလ ညီလာခံ ဆုံးဖြတ်ချက်ကို စစ်ကောင်စီ ကန့်ကွက်


ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မနေ့က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အဆိုနဲ့ အဲဒီအဆိုနဲ့ ပတ်သက်တဲ့ ဆွေးနွေး အရေးယူမှုတွေကို ကန့်ကွက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ ကြေညာချက်ထုတ် တုံ့ပြန်ခဲ့ပါတယ်။

လီချင်စတိန်းနိုင်ငံက တင်သွင်းတဲ့ အဲဒီအဆိုဟာ မျှတမှု မရှိဘူးလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံကို လက်နက်တွေ မရောက်အောင် လုပ်ဆောင်ဖို့အပြင်၊ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ အချက်တွေပါ ပါဝင်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံက မနေ့က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အထွေထွေညီလာခံရဲ့ ဒီဆုံးဖြတ်ချက်ဟာ မဖြစ်မနေလိုက်နာဖို့ မလိုပေမဲ့ နိုင်ငံရေးအရတော့ သိသာတဲ့ ဆုံးဖြတ်ချက် တစ်ရပ်ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံတွေထဲက ၁၁၉ နိုင်ငံက ထောက်ခံပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံက ကြားနေ မဲပေးခဲ့ကာ ဘယ်လာရုဇ်နိုင်ငံတစ်နိုင်ငံတည်း ကန့်ကွက်မဲပေးခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

ကုလ ညီလာခံ ဆုံးဖြတ်ချက်ကို စစ်ကောင်စီ ကန့်ကွက် ကုလ ညီလာခံ ဆုံးဖြတ်ချက်ကို စစ်ကောင်စီ ကန့်ကွက် Reviewed by THITHTOOLWIN on 03:33 Rating: 5

No comments:

Powered by Blogger.