စစ်ကောင်စီတပ်က ကလေးမြို့ကမိသားစုဝင်လူ ၄ ဦးပစ်သတ်၊ အဖိုးတန်ပစ္စည်းခိုးယူသွား




ကလေးမြို့ ညောင်ပင်သာရပ်ကွက်(ခေါ်)အင်းယားကုန်းမှာနေထိုင်တဲ့ ဦးဝင်းဇော်ဦးတို့အိမ်ကို စစ်ကောင်စီတပ်က ဇွန် ၁၉ ညက ဝင်စီးပြီး မိသားစုဝင် ၄ ဦးကိုပစ်သတ်သွားတယ်လို့သတင်းရရှိပါတယ်။

ရပ်ကွက်နေ ပြည်သူတစ်ဦးက "ညတုန်းက ၈:၃၀ အချိန်လောက်အိမ်မှာ တီဗီကြည့်နေတုန်းအိမ်ရှေ့ကနေစစ်သားတွေတန်းစီပြီးဖြတ်တာဒင်းတို့တွေသွားနေတာ လမ်းမီးတိုင်ကမီးကဝင်းနေတော့အတိုင်းသားမြင်ရတယ်။ အိမ်ရှေ့တင်ကို၄ခေါက်လောက်ဖြတ်တယ်။ မကြာဘူး အနောက်နားလေးကသေနတ်သံကြားရတော့တာပဲ။ ဗုံးရောပေါက်တယ်။ "အကုန်ထွက်ခဲ့ အကုန်ထွက်ခဲ့"အသံတွေရောဆဲသံတွေရောဆူညံလို့...ဘယ်အိမ်ဝင်နေပြီလည်းမသိဘူးဆိုပြီးရင်တထိတ်ထိတ်နဲ့ကားတံခါးပိတ်သံတွေဆိုမဆဲတော့ဘူး။ ၁၂ထိုးပြီးသည်ထိ။ မနက်ကြသတင်းကြားရတော့တစ်မိသားစုလုံးသတ်ခံရတာတဲ့လား။ ရှိသမျှရွှေတွေပိုက်ဆံတွေအိမ်ကပစ္စည်းပါမချန်ကားနဲ့အခေါက်ခေါက်အခါခါသယ်နေကြတာ"လို့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။

၎င်းတို့ သမီးတစ်ယောက်ကတော့ မျက်စိမှာ ဒဏ်ရာရရှိတာကြောင့် အခု တပ်ဆေးရုံမှာကုသမှုခံယူလျက်ရှိတယ်။ ၎င်းဟာ ကမာဘ့ရတနာဘဏ်ဝန်ထမ်းလို့လည်းသိရတယ်။


Zalen

https://www.facebook.com/zalen.info/

စစ်ကောင်စီတပ်က ကလေးမြို့ကမိသားစုဝင်လူ ၄ ဦးပစ်သတ်၊ အဖိုးတန်ပစ္စည်းခိုးယူသွား စစ်ကောင်စီတပ်က ကလေးမြို့ကမိသားစုဝင်လူ ၄ ဦးပစ်သတ်၊ အဖိုးတန်ပစ္စည်းခိုးယူသွား Reviewed by THITHTOOLWIN on 20:14 Rating: 5

No comments:

Powered by Blogger.