ပူတာအို လေယာဉ်ကွင်း ပစ်ခတ်ခံရသော်လည်း ထိခိုက်မှု မရှိဟုဆို


June 1, 2021/ Kachin News Group

ပူတာအိုမြို့ လေယာဉ်ကွင်းကို ယနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံးကျည်ဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း ထိခိုက်မှု မရှိကြောင်း ဒေသခံများ၏ပြောဆိုချက်မှ သိရသည်။

ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း ၄နာရီဝန်းကျင်တွင် KIA တပ်မဟာ (၁)အောက်တွင်ရှိသော တပ်ရင်း (၇) က လေယာဉ်ကွင်းအတွင်းသို့ အဝေးပစ်ဒုံးကျည်ဖြင့် ၃ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“အဝေးပစ်ရှော့တိုက်ဒုံးကျည်နဲ့ ၃ကြိမ်ပစ်တာ ၁ကြိမ်ဘဲ အောင်တယ်လို့ကြားတယ်။ ဒါပေမယ့် လေယာဉ်ကွင်း အထဲမှာတော့ မဟုတ်ဘူးတဲ့။ ခြုံထူတဲ့နေရာမှာ ကျသွားတယ်လို့သိရတယ်။ ကျန်တဲ့ ထိခိုက်ဒဏ်ရာရတာတွေ မရှိဘူ” ဟု ပြောဆိုသည်။

မေလ ၂၈ ရက်နေ့တွင်လည်း ပူတာအိုမြို့ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းအကြီးဆုံးဖြစ်သည့် ခလရ ၄၆ တပ်ရင်းကို KIA က ရှော့တိုက်ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ယခုတစ်ဖန် လေယာဉ်ကွင်းကို ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နံနက်ပိုင်း လေယာဉ်ကွင်းပစ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး လေယာဉ်ကွင်းရပ်ကွက်နေ နောက်ထပ် ပြည်သူတစ်ဦးက “အသံ ၂ချက်တော့ကြားမိတယ်။ ဒါပေမယ့် လေယာဉ်ကွင်းထဲထိတော့ မဟုတ်ဘူး။ ဒီမနက်လေယာဉ်ကွင်းထိ သွားကြည့်သေးတယ်။ ဘာမှထိခိုက်တာတော့ မရှိဘူ”ဟု ပြောဆိုထားသည်။

ပူတာအိုမြို့နယ်တွင် အာဏာသိမ်းစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ရက်ပိုင်းကစပြီး ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့ပါသည်။


Kachin News Group 

https://www.facebook.com/theKachinNews

ပူတာအို လေယာဉ်ကွင်း ပစ်ခတ်ခံရသော်လည်း ထိခိုက်မှု မရှိဟုဆို ပူတာအို လေယာဉ်ကွင်း ပစ်ခတ်ခံရသော်လည်း ထိခိုက်မှု မရှိဟုဆို Reviewed by THITHTOOLWIN on 21:38 Rating: 5

No comments:

Powered by Blogger.