ဒေါ်သက်သက်ခိုင်ပါတီဝင် သတင်းပေးဒလန် ပစ်ခတ်ခံရ။


(၁/၆/၂၀၂၁)

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အမှတ် (၁၁) ရပ်ကွက်နေ (PPP ပါတီဝင်) ဦးစိုင်းလင်းဇော်(ခ)လင်းလင်း သည် ယနေ့ ဇွန်လ (၁) ရက်နေ့ နံနက် (၈:၀၀) ဝန်းကျင်ခန့်က ခိုင်ရွှေဝါလမ်းနှင့် အနော်ရထာလမ်းထောင့်တွင်  သေနတ်ဖြင့် ပစ်ခတ်ခြင်း ခံခဲ့ရကြောင်း HTY သတင်းမှာ ဖေါ်ပြပါတယ်။

ဦးစိုင်းလင်းဇော်ဟာ စစ်ကောင်စီသတင်းပေးဒလန်အကြီးစားအဖြစ် နာမည်ဆိုးရထားသူလို့ဆိုပါတယ်။ သေနတ်ဒဏ်ရာရရှိမှုအခြေအနေအသေးစိတ်မသိရသေးမဲ့ အကြမ်းဖက်စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေတယ်လို့ လှိုင်သာယာနေပြည်သူတချို့ကပြောပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

ဒေါ်သက်သက်ခိုင်ပါတီဝင် သတင်းပေးဒလန် ပစ်ခတ်ခံရ။ ဒေါ်သက်သက်ခိုင်ပါတီဝင် သတင်းပေးဒလန် ပစ်ခတ်ခံရ။ Reviewed by THITHTOOLWIN on 21:41 Rating: 5

No comments:

Powered by Blogger.