ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF (kalay)မှ စစ်ကောင်စီတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဖြစ်၍ စစ်ကောင်စီဖွဲ့အနီးနား မနေရန် သတိပေး ထုတ်ပြန်ထားကြောင်း သိရ


ကလေးမြို့ပြည်သူများအပေါ် အကြမ်းဖက်မှု ဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီအဖွဲ့ဝင်များကို  PDF (Kalay) မှ ပြင်းပြင်းထန်ထန် လက်တုန့်ပြန်မည်ဖြစ်၍ စစ်ကောင်စီဖွဲ့များ နေရာယူထားသည့် နေရာတွင် ဝင်ထွတ်သွားလာခြင်း လုံးဝမပြုလုပ်ရန်   မေလ ၃၁ ရက်နေ့က PDF (Kalay)က ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် မေလ ၃၁ ရက်နေ့ ယမန်နေ့က နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်အင်အား ၅၀ - ၁၀၀ ခန့်သည် ကလေးမြို့နယ်တောင်ပိုင်းရှိ သာစည်ကျေးရွာသို့ ဝင်ရောက်စီးနင်း၍ ကျေးရွာ‌နေပြည်သူများအား အကြမ်းဖက် ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့သည်။ ဖြစ်စဉ်အတွင်း ပြည်သူ ၈ ဦးခန့် မတရားဖမ်းဆီးခံခဲ့ရ‌ပြီး ကျေးရွာပြည်သူတို့၏ ပိုက်ဆံ စုစုပေါင်း သိန်း ၅၀ ခန့် လုယက်ခံခဲ့ရကြောင်း သိရသည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်လက်ပြီး စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်ကို တုန့်ပြန်သည့်အနေဖြင့် တပ်ပေါင်းစု PDF (Kalay) တပ်ဖွဲ့ဝင်များသည် သာစည်ရွာအတွင်း ဝင်‌ရောက်တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ဝင်များအား နံနက် ၉ နာရီအချိန်ခန့်မှ စတင်၍ ပိတ်ဆို့ပစ်ခတ်ခဲ့ရာ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပြီး PDF (Kalay) ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည် (မစိုးရိမ်ရပါ) ဟုထုတ်ပြန်ထားသည်။

PDF (Kalay) အဖွဲ့ဝင်များကို ကလေးမြို့ပြည်သူများအနေဖြင့်  ဝန်းရံ ပူးပေါင်းကူညီပေးကြပါရန်နှင့် ဤကာလအတောအတွင်း၌ စစ်ကောင်စီအဖွဲ့ဝင်များနေရာယူထားသည့် ရုံး၊ စခန်း၊ ကျောင်း၊ အဆောက်အဦးများအနီးဝန်းကျင်သို့ ဝင်ထွက်သွားလာခြင်းများ လုံးဝမပြုလုပ်ကြပါရန် ကလေးမြို့နယ်ရှိ ပြည်သူများကို မေတ္တာရပ်ခံလိုက်ပါကြောင်း PDF(kalay)က၄င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင်ထုတ်ပြန်ထားသည်။


Chin World 

https://www.facebook.com/Chin-World-167011980026853

ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF (kalay)မှ စစ်ကောင်စီတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဖြစ်၍ စစ်ကောင်စီဖွဲ့အနီးနား မနေရန် သတိပေး ထုတ်ပြန်ထားကြောင်း သိရ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF (kalay)မှ  စစ်ကောင်စီတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဖြစ်၍ စစ်ကောင်စီဖွဲ့အနီးနား မနေရန် သတိပေး ထုတ်ပြန်ထားကြောင်း သိရ Reviewed by THITHTOOLWIN on 21:27 Rating: 5

No comments:

Powered by Blogger.