ဒီးမော့ဆိုမြို့နယ်ထဲက တိုက်ပွဲကြောင့် သေဆုံးနေသူတွေအလောင်းကိုသင်္ဂြိုဟ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲကြောင့် သေဆုံးပြီးပုပ်ပွနေတဲ့ ငွေတောင်ကျေးရွာ အတွင်းက အလောင်းတွေကို မြို့နယ်သံဃာနာယကဆရာတော်ကြီးတွေ ခွင့်ပြုချက်နဲ့ ထီးပွင့်ကန်ဆရာတော်၊ဒေါဘူးကူး ဆရာတော်၊ ဒေါပိုးစီ ဆရာတော်၊မစိုးရိမ်တိုက်သစ် ဆရာတော်တွေ ဦးဆောင်ပြီး သံဃာ ၁၈ပါးတို့က ငွေတောင် သုသာန်မှာ ဇွန်လ ၁၆ ရက်နေ့က စုပေါင်း သင်္ဂြိုဟ် ပေးခဲ့တယ်လို့သိရပါတယ်။

ဒီရုပ်အလောင်းတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်၊ ဘယ်နှစ်ဦးသေဆုံးခဲ့တယ်ဆိုတာ အတည်ပြုလို့ မရသေးပါဘူး။

တချို့ရုပ်အလောင်းတွေဟာ အရိုးတွေကျနေပြီး မည်သူမည်ဝါဆိုတာ အတည်ပြုနိုင်ဖို့ခက်တယ်လို့လည်း ဒေသခံတွေကနေ တစ်ဆင့်သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

ဒီးမော့ဆိုမြို့နယ်ထဲက တိုက်ပွဲကြောင့် သေဆုံးနေသူတွေအလောင်းကိုသင်္ဂြိုဟ်  ဒီးမော့ဆိုမြို့နယ်ထဲက တိုက်ပွဲကြောင့် သေဆုံးနေသူတွေအလောင်းကိုသင်္ဂြိုဟ် Reviewed by THITHTOOLWIN on 01:23 Rating: 5

No comments:

Powered by Blogger.