ဂျပန်နိုင်ငံမှာ ကျင်းပခဲ့ တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြန်မာစစ်‌အာဏာသိမ်း ကောင်စီကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ မြန်မ့ာလက်‌ရွေးစင် အမျိုးသားဘောလုံးအသင်း ဂိုးသမား ပြည့်သျှံအောင်ဟာ ဇွန်လ ၁၆ ရက်နေ့က မြန်မာအသင်းနဲ့ အတူ မပြန်ဘဲ ဂျပန်နိုင်ငံအိုဆာကာမြို့က ကန်ဇိုင်း လေဆိပ်မှာ ကျန်နေခဲ့တယ်လို့ သူက ဘီဘီစီကိုပြောပါတယ်။

ဂျပန်ရှေ့နေ နဲ့ ဂျပန်နိုင်ငံက မြန်မာအသိုင်းဝိုင်းက သူ့ရဲ့နေရေးထိုင်ရေးအတွက် စီစဥ်ပေးနေပြီးတော့ အခုအခါမှာ သူ့ဟာလေဆိပ်ကနေ လုံခြုံတဲ့နေရာကို ရောက်သွားပြီဖြစ်တယ်လို့လည်း သူကပြောပါတယ်။

သူဟာ ဂျပန်နိုင်ငံမှာ နေထိုင်ပြီး နိုင်ငံရေးခိုလှုံခွင်တောင်းခံဖို့ စီစဥ်နေတယ်လို့လည်း ဂျပန် သတင်းဌာနတွေက ရေးပါတယ်။

ပြီးခဲ့တဲ့ မေလ၂၈ ရက်က ဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ- ဂျပန် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြန်မာအသင်း လက်ရွေးစင် ဂိုးသမား ကိုပြည့်သျှံအောင်က ပွဲမစမီ ကွင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ဆန္ဒပြခဲ့ပါတယ်။

အဲဒီနေ့ပွဲမှာသူဟာ အရန်ဂိုးသမားအဖြစ် ပါဝင်ခဲ့ပြီး နိုင်ငံတော် သီချင်း သီဆိုချိန်မှာ ကွင်းဘေးကနေ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်တစ်သင်းလုံးမှာ ကိုပြည့်သျှံအောင်တစ်ဦးတည်း ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

Reviewed by THITHTOOLWIN on 01:22 Rating: 5

No comments:

Powered by Blogger.