မြန်မာစစ်တပ် ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ဗြိတိန်သံအမတ်ပြော

မြန်မာစစ်တပ် ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ဗြိတိန်သံအမတ်ပြော မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်အမတ်ကြီး မစ္စတာ ဒန်ချက်။ Photo: Reuters

မြန်မာစစ်တပ်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်အမတ်ကြီး မစ္စတာ ဒန်ချက်က ဒီကနေ့ ပြောလိုက်ပါတယ်။

ဇွန်လ ၁၅ ရက်နေ့ညပိုင်းမှာ မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကင်းမရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ အပြင် တစ်ရွာလုံးကိုပါ မီးရှို့ ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်ကို ထောက်ပြပြီး မစ္စတာ ဒန်ချက်က ပြောဆိုလိုက်တာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးရဲ့ Facebook စာမျက်နှာမှာဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေရုံတင်မက မြန်မာပြည်သူတွေအပေါ် အလေးထားမှုမရှိဘူးလို့လည်း မစ္စတာ ဒန်ချက်က ဝေဖန်ပြောဆိုထားပါတယ်။

ကင်းမရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သက်ကြီးရွယ်အိုတချို့ မီးလောင်သေဆုံးခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ကြားသိရကြောင်းလည်း သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ‌ဖော်ပြထားပါတယ်။

ကင်းမရွာတစ်ရွာလုံး မီးရှို့ခံရမှုကြောင့် မထွက်ပြေးနိုင်တဲ့ သက်ကြီးရွယ်အို လေးယောက် မီးလောင်သေဆုံးသွားတယ်လို့ RFA ရဲ့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/military-continue-commiting-crimes-06162021103852.html

မြန်မာစစ်တပ် ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ဗြိတိန်သံအမတ်ပြော  မြန်မာစစ်တပ် ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ဗြိတိန်သံအမတ်ပြော Reviewed by THITHTOOLWIN on 01:25 Rating: 5

No comments:

Powered by Blogger.