စဉ့်ကူးမှာ ဖိတ်စာဝေတဲ့ သတို့သားလောင်း စစ်တပ်က ပစ်ခတ်လို့ သေဆုံး

စဉ့်ကူးမှာ ဖိတ်စာဝေတဲ့ သတို့သားလောင်း စစ်တပ်က ပစ်ခတ်လို့ သေဆုံး စစ်ကောင်စီတပ်က ပစ်သတ်လိုက်တဲ့ သတို့သားလောင်း ကိုကျော်ကျော်မျိုးရဲ့ နာရေးကို တွေ့ရစဥ် / Photo CJ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပန်လှအုပ်စု ငြိမ်းချမ်းအောင်ရပ်ကွက်မှာ သတို့သားလောင်း ကိုကျော်ကျော်မျိုး ဟာ ဇွန် ၂၄ ရက်မှာပြုလုပ်မယ့် သူ့ရဲ့မင်္ဂလာပွဲအတွက် ဖိတ်စာဝေနေတုန်း စစ်တပ်က ပစ်ခတ်လိုက်တာကြောင့် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ကိုကျော်ကျော်မျိုးဟာ သူ့ရဲ့ သူငယ်ချင်းတစ်ဦးနဲ့အတူ ဇွန် ၂၀ ရက် မနေ့ညက ဆိုင်ကယ်တစ်စီးနဲ့ ဖိတ်စာ လိုက်ဝေရင်း၊ လက်ပံလှ အထက ကျောင်းရှေ့အရောက်မှာ ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လှမ်းပစ်တာကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

"ည ၈ နာရီခွဲလောက်က ဖိတ်စာသွားပြီးပေးပြီး မင်္ဂလာဆောင်မှာ ဝိုင်းကူပေးဖို့ သွားပြောတဲ့အချိန်မှာ အပစ်ခံရတာ။ ဘာလို့ပစ်လဲဆိုတာတော့ မသိဘူး။ သူ့သူငယ်ချင်းကိုလည်း ဖမ်းခေါ်သွားတယ်"

ကိုကျော်ကျော်မျိုးနဲ့ မအေးအေးအောင်တို့ရဲ့ မင်္ဂလာပွဲကို ဇွန် ၂၄ ရက်နေ့မှာ စဉ်ကူးမြို့နယ်၊ ကြို့ပင်ကျေးရွာ က မအေးအေးအောင်ရဲ့နေအိမ်မှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့တာပါ။ 

အခုတော့ ကိုကျော်ကျော်မျိုးရဲ့ ရုပ်အလောင်းကို ဇွန် ၂၁ ရက်နေ့မှာပဲ စစ်တပ်ဆီကနေ မိသားစုက ပြန်လည် ထုတ်ယူလာပြီး သတို့သားဝတ်စုံကိုတော့ ရုပ်အလောင်းပေါ်မှာပဲ ဖုန်းအုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကိုကျော်ကျော်မျိုးရဲ့ သူငယ်ချင်းဖြစ်သူကိုတော့ ဇွန် ၂၁ ရက်နေ့အထိ စစ်တပ်က ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လက်ပန်လှကျေးရွာ ဒေသခံတွေက RFA ကို ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/soldier-killed-the-bridegroom-06212021084051.html

စဉ့်ကူးမှာ ဖိတ်စာဝေတဲ့ သတို့သားလောင်း စစ်တပ်က ပစ်ခတ်လို့ သေဆုံး  စဉ့်ကူးမှာ ဖိတ်စာဝေတဲ့ သတို့သားလောင်း စစ်တပ်က ပစ်ခတ်လို့ သေဆုံး Reviewed by THITHTOOLWIN on 20:02 Rating: 5

No comments:

Powered by Blogger.