ကန်ပက်လက် မြို့ပေါ်နေထိုင်သူတွေ တောထဲပြေးရှောင်နေရ

ကန်ပက်လက် မြို့ပေါ်နေထိုင်သူတွေ တောထဲပြေးရှောင်နေရ

ကန်ပလက်မြို့ပေါ် အနောက်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကန်ပက်လက်CDF အဖွဲ့တွေကြား မနေ့ ညနေ ၇ နာရီ ဝန်းကျင်က စပြီးပစ်ခတ်မှုတွေ ရှိခဲ့ရာက ဒီကနေ့မနက်မှာ သေနတ်ဖောက်သံ အနည်းငယ်ကြားရပြီး ကန်ပန်လက်မြို့ ပေါ်က ဒေသခံတွေဟာ တောတောင်တွေထဲ ပြောင်းပြေးနေရတယ်လို့ ကန်ပလက်ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကန်ပက်လက် မြို့ပေါ်မှာ လူဦးရေ အနည်းငယ်ပဲကျန်တော့ပြီး တောရွာတွေကို ပြေးနေရတယ်လို့ ကန်ပက်လက်က ဒေသခံတွေကို ကူညီပေးသူနေသူတွေက ဆိုပါတယ်။

လက်ရှိမှာတော့ ကန်ပက်လက်မြို့နယ်မှာ စစ်ဘေးရှောင်စခန်း ဖွင့်လှစ်ဖို့ မြို့နယ်ကြက်ခြေနီအသင်းကနေ စတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

အရေအတွက် အတိအကျမသိရသေးပေမယ့် ယခုအချိန်ထိ ကနဦးရရှိထားတဲ့စာရင်းတွေအရ လူဦးရေ ၃၀၀၀ ထက်မနည်းဘူးလို့ သိထားရပါတယ်။

မြို့ပေါ်လူဦးရေက ၄၀၀၀ ကျော်ဖြစ်ပြီး၊ တစ်မြို့နယ်လုံးရဲ့ လူဦးရေဟာ ၂၁၀၀၀ ကျော် ဖြစ်ပါတယ်။

ဒါ့အပြင် ကန်ပလက်နဲ့ မင်းတပ်နယ်စပ် ခွဲလုံသာ၊ မကြား စတဲ့ ရွာတွေမှာ ထိုးစစ်ဆင်လာတဲ့အတွက် မင်းတပ် က CDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်တွေဟာ မင်းတပ်က ဧစခန်းရွာထဲက အလံဖြူထောင်ထားတဲ့ စစ်ရှောင်စခန်းကိုပါ ဆက်ပစ်ခဲ့တဲ့ အတွက် စစ်ဘေးရှောင်တွေဟာ နီးစပ်ရာရွာတွေကို ထပ်ပြီးရွှေ့ပြောင်းနေရတာဖြစ်တယ်လို့ မင်းတပ်မြို့ကူညီကယ်ဆယ်ရေး ကော်မတီက ကိုလောရင့်က ဘီဘီစီကို ပြောပါတယ်။

ကန်ပက်လက်နဲ့ မင်းတပ်မြို့တွေမှာ အခုလို စစ်ဘေးရှောင်တွေ ပြေးပုန်းနေရသလို ပလက်ဝမှာလည်း ၂၈ ရက်နေ့က ဗုံးနှစ်လုံးပေါက်ကွဲ အပြီးမှာ ဒေသခံ တွေကို စစ်ကောင်စီဘက်က လိုက်လံ ဖမ်းဆီးနေတာဟာ လူ ၂၀ နီးပါးရှိခဲ့ပြီး တစ်ချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် လက်ရှိဒေသခံ ၆ ဦးကို ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ကန်ပက်လက် မြို့ပေါ်နေထိုင်သူတွေ တောထဲပြေးရှောင်နေရ  ကန်ပက်လက် မြို့ပေါ်နေထိုင်သူတွေ တောထဲပြေးရှောင်နေရ Reviewed by THITHTOOLWIN on 21:46 Rating: 5

No comments:

Powered by Blogger.