ဒီနေ့ ရန်ကုန်တချို့နေရာတွေမှာအစစ်အဆေးတွေတင်းကျပ်

အကျီအနက်ရောင်ဝတ်ထားတဲ့လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓာတ်ပုံတွေလည်းလူမူကွန်ယက်ပေါ်မှာ ထွက်ပေါ်လာ

ဒီနေ့ ရန်ကုန်တချို့နေရာတွေမှာအစစ်အဆေးတွေတင်းကျပ်

ဒီနေ့ ဇွန် ၁ ရက်မှာ ရန်ကုန်မြို့က နေရာတချို့မှာ လမ်းလာလမ်းလာပြည်သူတွေကို အသွားအလာ စစ်ဆေးတင်းကျပ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။ လူသွားလူလာများတဲ့ မြေနီကုန်းမီးပွိုင့်လိုနေရာမျိုးမှာ ကားတွေကို နှစ်ဖက်ပိတ်တားပြီး အသေးစိတ်စစ်ဆေးမူတွေလည်းပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေကပြောပါတယ် ။ 

" မြေနီကုန်းရှမ်းလမ်းနားမှာ အင်အား ၃၀ လောက်နဲ့နှစ်ဖက်ပိတ်စစ်နေတာ။ ကားတွေကို နောက်ဖုံးတွေဖွင့်ခိုင်းတယ် ။ ကျွန်မကိုကျတော့ မိန်းကလေးမို့ထင်တယ်။ ကားနောက်ဖုံးပဲကြည့်တယ် ။ အရှေ့ကကားတွေကိုတော့ အသေးစိတ် ရဲနှစ်ယောက်ကစစ်တယ် ။ လူတွေလည်းကားပေါ်ကနေဆင်းခိုင်းတယ်။ ဒီနေ့မှပြန်စစ်နေတာ " လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ဘီဘီစီကိုပြောပါတယ် ။ 

ဒါ့ပြင် ရန်ကုန်မြိုလှည်းတန်းလမ်းဆုမှာစစ်ဆေးမူတွေလုပ်ရင်း အကျီအနက်ရောင်ဝတ်ထားတဲ့လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓာတ်ပုံတွေလည်းလူမူကွန်ယက်ပေါ်မှာ ထွက်ပေါ်လာပါတယ်။ အကျီအနက်ရောင်ဝတ်ထားတဲ့လူငယ်တွေဟာ ဖုန်းဆိုင်တစ်ခုရဲ့ ဝန်ထမ်း ယူနီဖောင်းအနက်ရောင်ဆင်တူကိုဝတ်ထားတာဖြစ်တယ်လို့လည်း ပြောကြားမှုတွေရှိနေပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ရန်ကုန်မြိုကနေရာတချို့မှာ တပ်စွဲထားတာ၊ စောင့်ကျပ်တာမျိုးရှိပေမယ့် အသေးစိတ်စစ်ဆေးမူတွေကိုတော့ အခုရက်ပိုင်းမှာ ပြန်လည်လုပ်ဆောင်လာတာပါ ။ ဒါ့ပြင် ဒီနေ့ဇွန်လ ၁ရက်နေ့အခြေခံပညာကျောင်းတွေ စပြီးဖွင့်တဲ့ရက် ဖြစ်တာကြောင့် ရန်ကုန်မြို့ကကျောင်းတချိုမှာ လုံခြုံရေးတင်းကျပ်ပြီး စာင့်ကြည့်တာမျိုးတွေလည်းပြုလုပ်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ဒီနေ့ ရန်ကုန်တချို့နေရာတွေမှာအစစ်အဆေးတွေတင်းကျပ်  ဒီနေ့ ရန်ကုန်တချို့နေရာတွေမှာအစစ်အဆေးတွေတင်းကျပ် Reviewed by THITHTOOLWIN on 21:45 Rating: 5

No comments:

Powered by Blogger.