လာရှိုးမြို့ တက္ကသိုလ်အနီး ဗုံးပေါက်ကွဲ ၂ ဦးဒဏ်ရာရရှိ


သျှမ်းသံတော်ဆင့်/ ဇွန် ၁၀

သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ တက္ကသိုလ် အနီးတွင်  ယနေ့ (ဇွန် ၁၀)  မနက် ၈ နာရီခွဲ၌  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး၊ ၂ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ‌ဈေးသည် ၂ ဦးကို ဗုံးစထိမှန်းခဲ့ပြီး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“ ဟုတ်ပါတယ်။ အဲနားက ရှိတဲ့ အကြော်ဈေးသည်လာမသိဘူးထိသွားတယ်။ သူတို့ကို စစ်ဆေးရုံထဲကို သူတို့ယူသွားလိုက်ပြီး။ ဘယ်သူလာထားတာလဲတော့ မသိရဘူး။” ဟု လာရှိုးမြို့ ဒေသခံတစ်ဦးက ပြောသည်။

ယခုရက်ပိုင်း နေရာအနှံ့ဗုံးပေါက်ကွဲမှုဖြစ်ပွားနေသဖြင့် လားရှိုးပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စိတ် ဖြင့် သွားလာနေရကြောင်းလည်း သိရသည်။

“ ဈေးသည် တွေက စထိတော့ အသွားအလာ သတိထားနေရတယ်။ အပြင်မထွက်လို့လည်း မရ။ ထွက်ရင်လည်း စိုးရိမ်ပူပန်နေရ။ သတိထားတဲ့ကြားက ဖြစ်မှာလည်း ကြောက်ရတယ်” ဟု လားရှိုး ဈေးသည် တစ်ဦး ကပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဈေး၊ ကျောင်းများ စသည့် နေရာများသည် မကြာခဏ ဗုံးပေါက်ကွဲမှုရှိကြောင်းသိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

လာရှိုးမြို့ တက္ကသိုလ်အနီး ဗုံးပေါက်ကွဲ ၂ ဦးဒဏ်ရာရရှိ လာရှိုးမြို့ တက္ကသိုလ်အနီး ဗုံးပေါက်ကွဲ ၂ ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 19:45 Rating: 5

No comments:

Powered by Blogger.