မင်းတပ်မြို့နယ်တွင်စစ်ဘေးရှောင်များခိုလှုံနေသည့်ကျေးရွာများကိုထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့်စစ်ဘေးရှောင်များမိုးထဲလေထဲထပ်မံတိမ်းရှောင်နေရ




မင်းတပ်မြို့နယ်တွင်စစ်ဘေးရှောင်များခိုလှုံနေသည့်ကျေးရွာများကိုစစ်ကောင်စီတပ်ဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့်မနေ့ ဇွန်လ ၉ ရက် နှင့်ယနေ့ ဇွွန်လ  ၁၀ ရက်နေ့များတွင်တွင်စစ်ဘေးရှောင်များမိုးထဲလေထဲထပ်မံတိမ်းရှောင်နေရကြောင်းမင်းတပ်စစ်ဘေးရှောင်များကိုကူညီနေသည့်ဒေသခံ၁ဦးထံမှသိရသည်။

"စစ်ဘေးရှောင်တွေရှိတဲ့ ရွာဘက်တွေအထိ စစ်ကောင်စီ တပ်တွေဝင်လာကြလို့အကုန်ထပ်ရှောင်ကြရပြီ။ယှက်၊ဘုရားစခန်း၊ရွှေအောင်သာ လမ်းကြောင်း သုံးခုစလုံးဝင်လာကြတာ။ခုရှစ်မွှေး၊ဝမ္မသူး၊ရွှေတွင်းတူး အထိတပ်စွဲထားကြတယ်ဗျာ၊မိုးထဲလေထဲစစ်ဘေးရှောင်တွေထပ်ထွက်ပြေးနေရတယ် "ဟုစစ်ဘေးရှောင်များကိုကူညီနေသူကဆိုသည်။

ချင်းပြည်နယ်မင်းတပ်မြို့နယ်သည်စစ်အုပ်ချုပ်ရေးကြေညာခံရပြီးနောက်စစ်ကောင်စီတပ်ဖွဲ့၏ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်စစ်ဘေးရှောင်နေရသည့်ပြည်သူလူဦးရေ ၁ သောင်းကျော်ခန့်ရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် Chinland Defense Force (CDF မင်းတပ်အဖွဲ့)တို့အကြားတိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးဒဏ်ရာရခဲ့သလို CDF မင်းတပ်အဖွဲ့မှ အဖွဲ့ဝင်၂၂ ဦးကျဆုံးခဲ့ပြီဖြစ်သည်။


Chin World

https://www.facebook.com/Chin-World-167011980026853

မင်းတပ်မြို့နယ်တွင်စစ်ဘေးရှောင်များခိုလှုံနေသည့်ကျေးရွာများကိုထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့်စစ်ဘေးရှောင်များမိုးထဲလေထဲထပ်မံတိမ်းရှောင်နေရ မင်းတပ်မြို့နယ်တွင်စစ်ဘေးရှောင်များခိုလှုံနေသည့်ကျေးရွာများကိုထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့်စစ်ဘေးရှောင်များမိုးထဲလေထဲထပ်မံတိမ်းရှောင်နေရ Reviewed by THITHTOOLWIN on 19:49 Rating: 5

No comments:

Powered by Blogger.