လွိုင်ကော်မြို့မှာ လက်နက်ကြီးထိမှန်မှုကြောင့် လူငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ



ယမန်နေ့(ဇွန်လ၉ရက်)နေ့ ည၈နာရီခွဲအချိန်ကစပြီး ၁၀နာရီဝန်းကျင်အထိ ​လွိုင်ကော်မြို့တွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်က  လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် နမ့်ဘော်ဝမ်ရပ်ကွက်အတွင်း နေအိမ်တလုံးထိမှန်ပြီး အိမ်ထဲရှိလူငယ်တစ်ဦး လက်နက်ကြီးထိမှန်ကာ နေအိမ်အတွင်းရှိတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သလို နေအိမ်အချို့လည်း လက်နက်ကြီးအပိုင်းအစ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ 

လွိုင်ကော်မြို့တွင်း နမ့်ဘော်ဝမ်ရပ်ကွက်၊ ဧက ၅၀၀၊ စစ်ဆေးရုံ၊ ရေနီကန် အနီးတစ်ဝိုက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖွဲ့က အပြန်အလှန် ပစ်ခတ်မှု ဖြစ်နိုင်တယ်လို့ ​လွိုင်ကော်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

" ၈နာရီကကျော်မှာပေါ့ ပစ်ခတ်မှုတွေစကြားတာပဲ။ တစ်ဖက်ထဲပစ်နေတာတော့မဟုတ်ဘူး တစ်ဖက်ကပစ်တာကို အခြားတစ်ဖက်က ပြန်ပြီးပစ်တဲ့အသံမျိုးပဲ။ လက်နက်ကြီးသံလည်းကြားတယ် တော်တော်ပြင်းတယ် အိမ်တောင်တုန်တယ်။ သေနတ်သံကတော့ပြောမနေနဲ့ အချက်ရေများတယ်။ ညအချိန်ဆိုတော့ အပြင်လည်းထွက်မကြည့်ရဲဘူးလေ။ ပစ်တာတော့ တော်တော်ပစ်နေကြတာပဲ။" လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

လွိုင်ကော် - လောပီတ လမ်းမကြီးဘေးက စစ်ကောင်စီတပ်ဖြစ်တဲ့ ၅၄တပ်ရင်းက ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

လွိုင်ကော်မြို့မှာ လက်နက်ကြီးထိမှန်မှုကြောင့် လူငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ လွိုင်ကော်မြို့မှာ လက်နက်ကြီးထိမှန်မှုကြောင့် လူငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:42 Rating: 5

No comments:

Powered by Blogger.