စစ်ကောင်စီအဖွဲ့က ဖြိုချဖျက်ဆီးခဲ့သည့် မြဝတီမြို့ရှိ အာဇာနည်ဗိမ္မာန်အား ယနေ့ မနက် မြင်တွေ့ရစဉ်







ဇွန်လ ၇ ရက်၊၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ယမန်နေ့ ည က ဖြိုချဖျက်ဆီးခံရသည့် မြဝတီမြို့ အမှတ် ၁ ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ အာဇာနည်ဗိမ္မာန်အား ယနေ့ ဇွန်လ ၇ ရက် မနက်ပိုင်းက တွေ့ရသည့် ပုံများဖြစ်သည်။ 

ယမန်နေ့ည ဖျက်ဆီးခံရမှုက အာဇာနည်ဗိမ္မာန် နောက်ခံအနီရောင်ဘက်ဂရောင်းများ နှင့် အဝင်မုခ်ဦးများမှာ ပျက်စီးသွားပြီဖြစ်သည်။ 

မနေ့ည ၉ နာရီခန့်ကစပြီး တစ်မြို့လုံးနီးပါး မီးဖျက်၍ စစ်ကောင်စီအဖွဲ့က ဘူဒိုဇာများနှင့် အင်အားသုံး ဖြိုချဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ အလားတူ ကရင်ပြည်နယ် အတွင်းရှိ ဖားအံမြို့၊ ကော့ကရိတ်မြို့၊ လှိုင်းဘွဲ့မြို့ ကြာအင်းဆိပ်ကြီးမြို့ စတဲ့ မြို့များရှိ အာဇာနည်ဗိမာန်များကိုလဲ စစ်ကောင်စီအဖွဲ့က မနေ့ညက တစ်ပြိုင်နက် ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။


Karen Information Center -KIC 

https://www.facebook.com/KICNewsPage

စစ်ကောင်စီအဖွဲ့က ဖြိုချဖျက်ဆီးခဲ့သည့် မြဝတီမြို့ရှိ အာဇာနည်ဗိမ္မာန်အား ယနေ့ မနက် မြင်တွေ့ရစဉ် စစ်ကောင်စီအဖွဲ့က ဖြိုချဖျက်ဆီးခဲ့သည့် မြဝတီမြို့ရှိ အာဇာနည်ဗိမ္မာန်အား ယနေ့ မနက် မြင်တွေ့ရစဉ် Reviewed by THITHTOOLWIN on 18:00 Rating: 5

No comments:

Powered by Blogger.